မြန်မာဘီယာနှင့် စစ်တပ် ထုတ်ကုန်များ ဖိအားပေး ရောင်းချ

မြန်မာဘီယာနှင့် စစ်တပ် ထုတ်ကုန်များ ဖိအားပေး ရောင်းချ

စစ်ကောင်စီက ၎င်းတို့နှင့် ဖက်စပ်ကုမ္ပဏီများက ထုတ်လုပ်သည့် မြန်မာဘီယာ အပါအဝင် အရက်မျိုးစုံနှင့် အောင်ဘာလေထီ တို့ကို ဧရာဝတီတိုင်းအတွင်း အတင်းအကျပ် ဖိအားပေး ရောင်းချခိုင်းနေသည် ဆိုင်ပိုင်ရှင် များက ပြောသည်။

စစ်ကောင်စီထုတ် မြန်မာဘီယာ အပါအဝင် အရက်မျိုးစုံကို ဟိုတယ်လ်၊ ကေတီဗွီ၊ စားသောက်ဆိုင် နှင့် အချို ရည်၊ ယမကာ စတိုးဆိုင်များတွင် ဖိအားပေး ခြိမ်းခြောက်ကာ ရောင်းခိုင်းနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အောင် ဘာလေထီကိုမှု ၎င်းတို့၏ဌာနဆိုင်ရာ ဝန်ထမ်းများကို လစာ၏ ၁၀ ရာခိုင်နှုန်းဖြင့် မဖြစ်မနေ ဝယ်ထိုးခိုင်းခြင်း ဖြစ်သည်။

စားသောက်ဆိုင် မန်နေဂျာ တစ်ဦးက “အဓိက ကတော့ မြန်မာဘီယာပေါ့နော်။ ပြီးတော့ သူတို့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တခြား ခရိုနီ ကုမ္ပဏီတွေက ထုတ်တဲ့ အရက်တွေ၊ စီးကရက်တွေကို ဖိအားပေးဝယ်ခိုင်းပြီး ပြန် ရောင်းခိုင်းတာ။ ဝယ်မရောင်းရင် ပြဿနာ ရှာတယ်။ မရောင်းရင် ဒဏ်တပ်မယ်၊ လိုင်စင်ပိတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ပထမပတ်အတွင်းက ပုသိမ်၊ ညောင်တုန်းနှင့် မြောင်းမြမြို့ အပါအဝင် အချို့မြို့များ က စားသောက်ဆိုင်များတွင် မြန်မာယီယာ ရောင်းချခြင်း မရှိသဖြင့် စည်ပင်သာယာအဖွဲ့က ဒဏ်ငွေ ကျပ် ၁၀ သိန်းစီ ဒဏ်ရိုက်ခြင်းကို လုပ်ခဲ့ကြသည်ဟု စားသောက်ဆိုင် အချို့ထံမှ သိရသည်။

ဌာနဆိုင်ရာဝန်ထမ်း၏ လစာ ဆယ်ရာခိုင်နှုန်းကို  မိုင်တဲလ်ပေးဖြင့် တစ်ဦးလျှင် အောင်ဘာလေထီ တစ်အုပ်နှုန်း လစာထုတ်သည့် ရက်တွင် တခါတည်း ထိုးခိုင်းပြီး စကင်ရှော့ ရိုက်ကာ ဌာနအကြီးအကဲထံ Viber ဖြင့် လျှို့ဝှက် ပို့ခိုင်းထားသည်ဟု တိုင်း စစ်ကောင်စီ အထွေထွေ အုပ်ချုပ်ရေးရုံး ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

“ဌာနဆိုင်ရာ အားလုံး မဖြစ်မနေ အွန်လိုင်းထီ ထိုးရတယ်။ မိုင်တဲဆင်းကဒ်လည်း မဖြစ်မနေဝယ် သုံးခိုင်းတယ်။ လကုန်ရင် လစာထဲက ဖြတ်တယ်။ ဟိုဖြတ်ဒီဖြတ်နဲ့ ဆိုတော့ လစာနည်းတဲ့ အောက်ခြေ ဝန်ထမ်းတွေ စားဝတ် နေ ရေး ပိုကြပ်တည်းလာတယ်” ဟု အလယ်တန်းပြ ဆရာတစ်ဦး က ပြောသည်။

စစ်ကောင်စီထုတ် မြန်မာဘီယာ နှင့် အရက်မျိုးစုံကို စစ်တပ်က ဖိအားပေးကာ ရောင်းချခိုင်းခံနေရခြင်း နှင့်ပတ်သက်ပြီး တော်လှန်ရေး အင်အားစုများက အရေးယူ တိုက်ခိုက်မည်ကို စိုးရိမ်နေကြသည့်အပြင် မရောင်း ပါကလည်း စစ်ကောင်စီက ဖမ်းဆီး ဒဏ်တပ်မှုနှင့် အကြမ်းဖက် အဖြစ် စွပ်စွဲ ထောင်ချမှာကိုလည်း စိုးရိမ် ကြောက်လန့် နေကြရသည်ဟု ပုသိမ်မြို့ခံ စားသောက်ဆိုင် အချို့က ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် စစ်တပ်ထုတ် အရက်၊ ဘီယာ နှင့် လူသုံးပစ္စည်းများကို တင်ရောင်းခြင်း ရှိ မရှိ စစ် ဆေး အရေးယူမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း အတွင်းက စားသောက်ဆိုင်များ နှင့် အရက် ဘီယာ ရောင်း သည့် စတိုးဆိုင်များကို အသိပေး ခြိမ်းခြောက်ထားသည် ဟု ဆိုသည်။

တော်လှန်ရေး အင်းအားစုများကလည်း စစ်ကောင်စီက ထုတ်လုပ်သည့် မြန်မာဘီယာ (Myanmar Beer)၊ အက် ဒမန်ဂိုး (Andaman Gold) အရက် ဘီယာ အချိုရည်၊ ဒဂုံ (Dagon) အရက် ဘီယာ အချိုရည်၊ ရမ်၊ မန္တလေး (Mandalay) ဘီယာ၊ အာမီရမ်(Army Run) နှင့် ဘလက်ရှီး စတောက်( Black Shield Stout) တို့ကို ရောင်းချ သုံးစွဲ ခြင်း မလုပ်ဘဲ သပိတ်မှောက်ကြရန် တောင်းဆိုထားသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...