အကြမ်းဖက် သတ်ဖြတ်မှုဖြင့် စွပ်စွဲ ခံရသူ လူငယ် ၄ ဦး သေဒဏ်ချခံရ

အကြမ်းဖက် သတ်ဖြတ်မှုဖြင့် စွပ်စွဲ ခံရသူ လူငယ် ၄ ဦး သေဒဏ်ချခံရ

ဘိုကလေးမြို့တွင် အကြမ်းဖက် သတ်ဖြတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် လူငယ် ၄ ဦးကို ဖျာပုံခရိုင် တရားရုံးက သေဒဏ်အမိန့်ချလိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူများကပြောသည်။

ယခု သေဒဏ်အမိန့်ချမှတ်ခံရသူများမှာ ဘိုကလေးမြို့တွင် စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးသည့် အမျိုး သမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားသည့် အမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ ဖြစ်သည်။

သေဒဏ်ချမှတ်ခံရသူများ၏ မိသားစုဝင်တစ်ဦးက “ညှဉ်းပန်း နှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်တဲ့ အဆုံး လုပ်ပါတယ် ဆိုပြီး ဝန်ခံခဲ့ကြရတာဗျ” ဟု ပြောသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်တွင်  စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီး သည့် မသူဇာကြီး (ခေါ်) မသူဇာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

မသူဇာကြီး သေနတ်ဖြင့် ပစ်ခံရပြီးနောက် စစ်ကောင်စီ လက်အောက်ခံ စစ်သားများ နှင့်ရဲတပ်ဖွဲ့ဝင်များက ဘိုကလေးမြို့ရှိ ကိုပြည့်စုံဖြိုး၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်း တို့ကို စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၄ ဦးကို ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးက တစ်နှစ်ကျော်အကြာ စစ်ဆေးပြီးနောက် စက်တင်ဘာ လ ၁၂ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးနှင့် နီးစပ်သူတစ်ဦးက “သူတို့ ၄ယောက်လုံးကို ပုဒ်မ-၃၀၂၊ ပုဒ်မ-၁၀၉တို့နဲ့ သေဒဏ်ချလိုက်တာ။ တခြား ပုဒ်မတွေနဲ့လည်း ထောင်ဒဏ် ချထားတွေ ရှိသေးတယ်” ဟု ပြောသည်။

ထို့အပြင် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက သေဒဏ်ချမှတ်ခံထားရသူ ကိုပြည့်စုံဖြိုး၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင် နှင့် ကိုနိုင်ဝေလင်း တို့ကို ဖျာပုံအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်သွားမှာ ဖြစ်သည်ဟု ပြောသည်။

ဘိုကလေးမြို့ခံတစ်ဦးက “ဒီ ၄ ယောက်လုံးက ဘိုကလေးမြို့ခံတွေပါ။ PDF တွေဆိုပြီး ဖမ်းချင်လို့ကိုဖမ်းတာ။ မတရားမှုတွေကို မကြိုက်တဲ့ သူတွေပေါ့။ ငွေလည်း မလိုက်နိုင်ကြတော့ မတရားခံကြရတာ” ဟု ပြောသည်။

မသူဇာကြီး (ခေါ်) မသူဇာအား သေနတ်ဖြင့် ပစ်ခတ်မှုကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ် ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...