လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအား တဝက်စျေးနှင့် ရောင်းပေးသည့် ဆိုင်များ အခက်အခဲဖြစ်လာ

လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအား တဝက်စျေးနှင့် ရောင်းပေးသည့် ဆိုင်များ အခက်အခဲဖြစ်လာ

ကယား (ကရင်နီ) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ရှောင်များ သက်သာချောင်ချိရေးအတွက် ကုန်ပစ္စည်းအချို့ကို တဝက်စျေးနှင့် ရောင်းချပေးနေသည့် စျေးဆိုင်များ ကုန်စျေးနှုန်းမြင့်တက်နေမှုကြောင့် အခက်အခဲဖြစ်နေကြသည်။

အဆိုပါ တဝက်စျေးဆိုင်များမှာ အဓိကအားဖြင့် ဒေသခတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင် ကုန် စျေးနှုန်းမြင့်တက်လာတို့မှုကြောင့် ကုန်ပစ္စည်းများကို အကန့်အသတ်နှင့်သာ ရောင်းချပေးနေရသည်ဟု တာဝန်ရှိ သူတစ်ဦးက ပြောသည်။

“အခု လမ်းခရီး အခြေအနေတွေကြောင့် တစ်လမှတစ်ကြိမ်ပဲ ကုန်ပစ္စည်းရောက်တယ်။ တစ်ခါတစ်လေ ၁ ပတ် တစ်ကြိမ်တော့ ရောက်ပါတယ်။ အရင်ကတော့ ပစ္စည်းကတော့ ၁၃မျိုး ၁၄မျိုးလောက်တော့ရှိတယ်ပေါ့။ ဒီ နောက်ပိုင်း ခက်ခဲလာတဲ့ခါကြတော့ အဓိက ဆန်၊ ဆီ၊ ဆား ကြက်ဥပေါ့။ ပြီးတော့ စစ်ရှောင် အိမ်ခြေတွေ အား လုံး ရစေချင်တဲ့အတွက် နောက်ပိုင်းတော့ ဆန်ဆို ဆန်တစ်ခေါက် ဆီဆိုဆီတစ်ခေါက် ကုန်ပစ္စည်းက တစ်မျိုးစီပဲ တင်သွင်းတော့တာပေါ့” ဟု တဝက်စျေးဆိုင် တာဝန်ရှိသူက ပြောသည်။

အဆိုပါ တဝက်စျေးဆိုင်ကို ယခင်က တပတ်တွင် ၃ ကြိမ်ဖွင့်လှစ်ပြီး ကုန်ပစ္စည်း ၁၄ မျိုးခန့်ကို စစ်ရှောင်များ အား တဝက်စျေးနှင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရောင်းချပေးခဲ့ရာ ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်များအတွက် များစွာ အထောက်အကူဖြစ်စေခဲ့ သည်ဟု စစ်ရှောင်များက ပြောသည်။ သို့သော် အိမ်ထောင်စုအလိုက် ကန့်သတ်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

စစ်ရှောင်တစ်ဦးက “တစ်ဝက်စျေးဆိုင်က အကန့်သတ်နဲ့ ရောင်းပေးတာပေါ့။ ဥပမာ - တစ်အိမ်ထောင်ကို ဆီ တစ်ဘူးဆို တစ်ဘူးနှုန်း ဘဲ ရောင်းပေးတာပေါ့။ ဒါပေမဲ့လည်း တစ်ဝက်စျေးဘဲ ပေးရတော့ စျေးပိုသက်သာ တာပေါ့” ဟု ပြောသည်။

လက်ရှိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် တစ်ဝက်စျေးဆိုင် ၄ ဆိုင် ရှိပြီး နယ်လှည့် ရောင်းချပေးနေသည့် စျေးဆိုင် ၄ ဆိုင် စုစုပေါင်း ဆိုင် ၈ ဆိုင် ရှိနေသည်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...