သံဖြူဇရပ်တွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၁၄၀ ဦးကို ကျိုက်မရောထောင်ပို့

သံဖြူဇရပ်တွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၁၄၀ ဦးကို ကျိုက်မရောထောင်ပို့

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ရွာသာယာကျေးရွာအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၁၄၅ ဦးအနက် ၁၄၀ ဦးကို ကျိုက်မရောဗဟိုအကျဥ်းထောင်သို့ ပို့ဆောင်ထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရေး-သံဖြူဇရပ်ကားလမ်း ရွာသာယာကျေးရွာအနီးတွင် မြေသယ်ယာဥ် ၄ စီးဖြင့် တင်ဆောင်လာသည့် ရိုဟင်ဂျာများကို သက်ဆိုင်ရာတို့က ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၁၈ ဦးအနက် အမျိုးသား ၁၂၃ ဦးနှင့် အမျိုးသမီး ၁၇ ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အမှုဖွင့်ပြီး ကျိုက်မရောဗဟိုအကျဥ်းထောင်သို့ ပို့ဆောင်ထား သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အသက် ၁၀ နှစ်အောက် ကျား ၄ ဦးနဲ့ မ ၁ ဦးကိုတော့ လဝက ဦးစီးဌာနက မော်လမြိုင်မြို့နယ်၊ ကွမ်းခြံကုန်း ရပ် ကွက်မှာရှိတဲ့ ‘ဇာမေအာ ဇမီရီရာကာစီလွန်းအိုလွန်’ စာသင်ကျောင်းကို ပို့ဆောင်ထားတယ်” ဟု လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်လာပြီး သံဖြူဇရပ်မြို့နယ် သပြေချောင်းဝတွင် လှေကပ်ကာ ထိုမှတဆင့် မြေသယ်ယာဥ်များဖြင့် တင်ဆောင်လာခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့သည်။

စစ်တပ်က အဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိနေသည့်အပြင် အချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ် ခံလိုက်ရသည် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...