မြဝတီ-ကော့ကရိတ်အာရှလမ်းမပိုင်း ပေ ၁၅၀ ခန့်ပြိုကျ ပြတ်တောက်သွား

မြဝတီ-ကော့ကရိတ်အာရှလမ်းမပိုင်း ပေ ၁၅၀ ခန့်ပြိုကျ ပြတ်တောက်သွား

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောနော် ရေတံခွန်အနီး မိုင်တိုင်မှတ် (၁၄၉) နှင့် (၁၅၀) ကြားတွင် ပေ ၁၅၀ ခန့် ပြိုကျသွားပြီး လမ်းခရီးအသွားအလာ ပြတ်တောက်သွားသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခွဲဝန်းကျင် အချိန်ခန့်က ကားလမ်းအကျယ် ၃၃ ပေ၊ အရှည် ပေ ၁၅၀ ခန့် ပြိုကျပြီး လမ်းခရီးအပိုင်းပြတ်တောက်သွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မိုးက နေ့တိုင်းကိုရွာနေတာ။ အခု လမ်းပြိုကျမှု ဖြစ်သွားတဲ့ နေရာကနေ မြဝတီမြို့ဘက်ကို ကားနဲ့မောင်းရင် တစ်နာရီလောက်ပဲ လိုတော့တဲ့ နေရာလောက်မှာ ဖြစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ကားလမ်းပြိုကျမှု ဖြစ်စဥ်အတွင်း လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး မြေသားပြိုကျမှုနှင့်အတူ ပါသွား သည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း ဒေသတွင်းရှိ အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “မြေသားနဲ့အတူ ပါသွားတဲ့အမျိုးသားကို ကယ် ထုတ်ပြီးတော့ ကော့ကရိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောသည်။

မိုးရက်ဆက် ရွာသွန်းနေသည့် အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တလျှောက်တွင် မြေသားများနူး နေ သောကြောင့် မြေပြိုကျမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် မြဝတီ-ကော့ကရိတ် လမ်းဟောင်းအား အသုံးပြုရန်လည်း လုံခြုံရေးအခြေအနေကြောင့် အဆင်  မပြေနိုင်သည့်အပြင် မိုးရာသီကာလဖြစ်သည့်အတွက်ကြောင့်လည်း သွားလာရ အဆင်ပြေလွယ်ကူနိုင်မည် မဟုတ်သည့်အတွက် လတ်တလော ကုန်စည်စီးဆင်းမှု ပြတ်တောက်နိုင်ကြောင်း ကုန်သည်များက ပြောသည်။

ကုန်သည်တစ်ဦးက “အခု မြဝတီမြို့ဘက်ကလာရင် သင်္ကန်းညီနောင်အဝင်မှာ လမ်းကိုပိတ်ထားလိုက်ပြီးလို့ သိရ တယ်” ဟု ပြောသည်။

ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မိုင်တိုင်အမှတ် (၁၄၉) နှင့် (၁၅၀) ကြား တောနော်ရေတံခွန်အနီးတွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သေး သည်။

ထို့နောက် သက်ဆိုင်ရာမှ ကားလမ်းပေါ်ပုံကျနေသည့် မြေသားများအား ဖယ်ရှာပေးပြီးနောက် မြဝတီ ဘက်သို့ သွားကြမည့် ယာဉ်များကို ပြန်လည်သွားခွင့်ပြုခဲ့ကြောင်း ဒေသတွင်း ကားသမားများနှင့် ခရီးသွားပြည်သူများက ပြောသည်။

ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...