ရိက္ခာမလောက်လို့ ရွာပြန်ပြီး စိုက်ပျိုးရေးလုပ်တဲ့ စစ်ရှောင်တွေ လက်နက်ကြီးနဲ့ မိုင်းအန္တာရာယ်စိုးရိမ်

ရိက္ခာမလောက်လို့ ရွာပြန်ပြီး စိုက်ပျိုးရေးလုပ်တဲ့ စစ်ရှောင်တွေ လက်နက်ကြီးနဲ့ မိုင်းအန္တာရာယ်စိုးရိမ်

ကယား (ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေဟာ စစ်ရှောင်စခန်းမှာ ဝေငှတဲ့ ရိက္ခာတွေ မလုံလောက်တာကြောင့် နေရပ်ပြန်ပြီး စိုက်ပျိုးရေးလုပ်ကိုင်ကြပေမဲ့ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ မြေမြုပ်မိုင်းအန္တာရာယ်တွေကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

ဒေသခံတစ်ဦးက “ရွာသိပ်မပြန်ရဲဘူးပေါ့၊ ဒရုန်းနဲ့ထောက်ပြီး လက်နက်ကြီးတွေ ပစ်လာနေတယ်။ အရမ်း စိုးရိမ် မှုများတယ်။ အရေးကြီးမှ ပြန်လာတယ်၊ ပြန်လည်း သတိဝိရိယနဲ့တော့ သွားနေရတယ်ပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရပ်အနီးက စိုက်ပျိုးမြေတွေမှာ အရဲစွန့်ပြီး ပြန်လာလုပ်ကိုင်ကြပေမဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှာကို စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့မေလ အတွင်းမှာပဲ နေအိမ်မှာ ခြံလုပ်ငန်းပြန်လာလုပ်ကိုင်တဲ့ ငွေတောင်ရွာသစ်ကျေးရွာက ဒေသခံ တွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

စစ်ရှောင်စခန်းအတွင်း ဒေသခံတွေ ရိက္ခာ တချို့ ရရှိပေမယ့်လည်း အရင်နှစ်ထက်ကထက် ထောက်ပံ့မှုတွေ နည်းပါးလာတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက “အတူတူပါပဲ။ ဒါပေမယ့် အရင်နှစ်နဲ့ ဒီတစ်နှစ်က ဘာကွာလဲဆို တော့ အရင်နှစ်က တစ်လတစ်ကြိမ်၊ မဟုတ်ရင် နှစ်လတစ်ကြိမ်ရတယ်၊ ဒီတစ်နှစ်က ၆ လမှ တစ်ကြိမ်ရတာမျိုး တွေ၊ အခက်အခဲ တော်တော်လေး ရှိလာတာပေါ့နော်” လို့ ဆိုပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ရိက္ခာမလုံလောက်မှုတွေ မကြာခဏ ကြုံတွေ့နေ ရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အလှူရှင်တွေလည်း မလာရောက်နိုင်ဘူးလို့ ဆိုပါတယ်။

ကယား (ကရင်နီ) ပြည်နယ်ထဲ စစ်ဘေးရှောင် ၂သိန်း ၇သောင်းကျော် ရှိနေပြီဖြစ်ပြီး နိုင်ငံတကာအပါအဝင် UN အဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေက စစ်ကောင်စီကနေတဆင့် သူတို့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေရတာကြောင့် ထိရောက်တဲ့ ထောက်ပံ့မှုတွေ မရတဲ့အတွက် စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ဝေဖန်ထောက်ပြနေ ကြပါတယ်။

စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ထောက်ပံ့မှုတွေက တကယ်လိုအပ်နေတဲ့ မြေပြင်က စစ်ရှောင်တွေဆီ မရောက်လာ ဘဲ မြို့ပေါ်က လူတွေဆီကိုသာ ရောက်နေတာ ဖြစ်တယ်လို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကို တိုက်ရိုက် ဆက်သွယ်ပြီး ကူညီထောက်ပံ့မှုတွေ လုပ်ကြဖို့ကိုလည်း နိုင်ငံတကာနဲ့ UN အဖွဲ့အစည်းတွေကို ထောက်ပြထား ကြပါတယ်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...