လေကြောင်းတိုက်ခိုက်ခဲ့ရပြီးနောက် ရွှေဘိုမြိုနယ်က ဒေသခံထောင်ချီစစ်ရှောင်နေရ

လေကြောင်းတိုက်ခိုက်ခဲ့ရပြီးနောက် ရွှေဘိုမြိုနယ်က ဒေသခံထောင်ချီစစ်ရှောင်နေရ
ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ ဓာတ်ပုံ-ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ
ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ ဓာတ်ပုံ-ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၇ လုံး မီးလောင် ပျက်စီးခဲ့ရပြီး ဒေသခံထောင်ချီလည်း ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ တယ် လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇူလိုင် ၁၇ ရက်နေ့ ညနေ ၆နာရီလောက်မှာ မုံရွာအနောက် မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ Mi 35 ရဟတ်ယာဥ်နဲ့ ၁ နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တကန်သာရွာကိုလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တာ အိမ် ၇လုံးလောက် မီးထဲပါသွားတယ် ဒေသခံ တစ် ဦးတော့ ခေါင်းနည်းနည်းထိတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ လက်ရှိတော့ ဒီအခြေနေတွေကြောင့် တကန်သာ ရော ညောင်ကန်ရော အဲ့နားက ရွာတွေပါပြေးနေရတာပေါ့“ လို့ ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မူမတိုင်ခင်မှာ တကန်သာရွာနဲ့ ညောင်ကန်ရွာအကြားက ထန်းတောထဲမှာ ဒေသတွင်းရှိ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား ၁ နာရီကျော် တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ် ဘက်က အထိနာခဲ့တဲ့အတွက် အခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက အခုလိုပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မူမတိုင်ခင်တော့ ကျနော်တို့နဲ့ထိတွေ့မူဖြစ်တာ သူတို့ဘက်က၄ယောက်လောက် ထိသွား တယ်။ သူတို့အထိနာသွားတော့ လေကြောင်းစစ်ကူခေါ်တာ။ တိုက်ပွဲဖြစ်တဲ့ တော်လှန်ရေး အင်အားစုဘက် ခြမ်း ကို လေကြောင်းကပိတ်ပစ်တာ အဲ့မှာတကန်သာရွာကိုလည်းပစ်ခဲ့တာပေါ့” လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ တကန်သာရွာကို စစ်ကောင်စီတပ်ဘက်က လေကြောင်း တိုက်ခိုက်တာ ပထမဆုံး အကြိမ်ဖြစ်ပြီးတော့ အာဏာသိမ်းပြီးကတည်းက စစ်ကြောင်းထိုးခံရတာ နှစ်ကြိမ်ရှိပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ ရွှေဘို အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်က အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကြောင်း ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ တကန်သာရွာကို ထပ်မံ မီးရှို့နေတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေ လည်း ရှိသေးတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကစလို့ ဒေသခံ ၈ သိန်းနီးပါး ဘေးလွှတ်ရာကိုတိမ်းရှောင် နေကြ ရတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ကုလသမဂ္ဂလူသားချင်း စာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးမှူး ရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...