နိုင်ငံတော်သစ် ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု ဗကသပြော

နိုင်ငံတော်သစ် ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု ဗကသပြော
ဆဲဗင်းဂျူလိုင်အရေးတော်ပုံ (၆၁) နှစ်ပြည့်အဖြစ် ဗကသများအဖွဲ့ချုပ်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ နယ်တွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု။ (ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်)
ဆဲဗင်းဂျူလိုင်အရေးတော်ပုံ (၆၁) နှစ်ပြည့်အဖြစ် ဗကသများအဖွဲ့ချုပ်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ နယ်တွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု။ (ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်)

အာဏာရှင်စနစ် ပျက်သုဉ်းပြီး မြန်မာ့နိုင်ငံတော်သစ် ပေါ်ပေါက်သည်အထိ အဖိနှိပ်ခံလူထုဘက်က တိုက်ပွဲဝင် သွားမည်ဟု ကတိပြုကြောင်း  ယခုနှစ်တွင် ကျရောက်သည့် ဆဲဗင်းဂျူလိုင်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ပြောဆိုလိုက်သည်။

ဇူလိုင်လ (၇) ရက်နေ့သည် ၁၉၆၂ ခုနှစ်ကစတင်ခဲ့သည့် စစ်အာဏာရှင်တော်လှန်ရေး၏ အစနေ့ဖြစ်ပြီး ကျောင်းသားထု၏သွေးဖြင့်ရင်းကာ ဖွင့်ပြခဲ့သည့် မှတ်တိုင်ဖြစ်သည်ဟု ဆိုသည်။

“ဆဲဗင်းဂျူလိုင်ကို အခြေပြုပြီးတော့ ရင်းနှီးခဲ့ရတဲ့တော်လှန်မျိုးဆက် အဆက်ဆက်ရဲ့အရိုးပုံထက်မှာ အခန့်သားထိုင်ကာ စစ်အာဏာရှင်နှင့် ရင်ကြားစေ့မယ့် အပြုအမူဟူသမျှသည် အာဇာနည်ကျောင်းသားထု ပြည်သူတို့ရဲ့မျက်နှာကို ခြေဖြင့်ကန်ရာ ရောက်တယ် ” ဟု ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ရန်ကုန်မြို့တွင် ကျောင်းသားဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျောင်းသားရာနှင့်ချီ သေဆုံးဒဏ်ရာရခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့သည်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က “ဗိုလ်နေဝင်း အာဏာသိမ်းမှုတွေကို လက်မခံခဲ့ကြတဲ့ ကျောင်း သားတွေကို ပညာပေးမယ်ဆိုပြီး ဂျူလိုင် ၇ ရက်နေ့မှာ ဂျာမနီကနေယူထားတဲ့ လက်နက်အသစ်တွေကို ပထမ ဆုံး ထုတ်သုံးဖို့အတွက် ဆုံးဖြတ်ခဲ့တာကြောင့် ကျောင်းသားထုနဲ့ ဗိုလ်နေဝင်းနဲ့ မပြီးဆုံးနိုင်တဲ့သမိုင်းဟာ အဲဒီက စတင်ခဲ့တာဖြစ်ပြီး အခုအထိ ကျောင်းသားတွေ ရုန်းကန်တိုက်ပွဲ ဝင်နေကြတာဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကို အရင်းတည်ကာ  ခေတ်အဆက်ဆက် လက်နက်အားကိုးဖြင့် ဖိနှိပ်နေသည့် စစ်အာဏာရှင်များကို နွေဦးတော်လှန်ရေးတွင် အပြီး သတ်ရန်လိုအပ်ကြောင်း ထုတ်ပြန်သည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့သည် မြန်မာနိုင်ငံ၏ ကျောင်းသားသမိုင်းတွင် မေ့ဖျောက်၍ မရနိုင်သည့် ကြေ ကွဲဖွယ် နေ့တစ်နေ့အဖြစ် ယခုနှစ်တွင် (၆၁) နှစ် ပြည့်မြောက်ခဲ့ပြီဟုလည်း  CRPH ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံအနှံ့က ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းနှင့် ဇူလိုင် ၇ ရက်နေ့ကို လုံးဝမမေ့ကြောင်း ဆန္ဒထုတ်ဖော်မှုများကို တွေ့ရသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က “ဦးနေဝင်းလက်ထက် ကတည်းက လက်ရှိစစ်ကောင်စီအထိ ကျောင်းသားတွေနဲ့ ပြည်သူတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ဖိနှိပ်နေတာ တွေရှိတယ်။ အဆိုးဆုံးကတော့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ သမဂ္ဂအဆောက်အအုံကို ဦးနေဝင်းလက်ထက်က ဗုံးခွဲခံရတယ်။ သမဂ္ဂတွေအနေနဲ့တော့ အစိုးရအဆက်ဆက် ဘယ်လောက်ပဲဖိနှိပ်ပါစေ ပြည်သူလက်ခံနေသရွေ့၊ ကျောင်းသားတွေ လက်ခံနေရွေ့အထိ ကျောင်းသားသမဂ္ဂ တွေရဲ့ လုပ်ငန်းစဉ်တွေဟာ ဘယ်တော့မှ ယိုင်လဲသွားမှာမဟုတ်ဘူး” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောင်ရေး အသင်း(AAPP)၏ ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများကြောင့် နိုင်ငံတဝန်းတွင် ဖမ်းဆီးထောင်ချ မှတ်ခံထား ရသည့် ကျောင်းသား ၁၃၈ ဦးအထိ ရှိသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...