လဲချားမြို့လယ်ခေါင် ဈေးရှေ့ အမျိုးသား တစ်ဦး ပစ်ခတ်ခံရ၊ ပွဲချင်းပြီးသေ

လဲချားမြို့လယ်ခေါင် ဈေးရှေ့ အမျိုးသား တစ်ဦး ပစ်ခတ်ခံရ၊ ပွဲချင်းပြီးသေ
Photo- Local ( သေနတ်ထိမှန်သေဆုံးနေသည့် အမျိုးသား)
Photo- Local ( သေနတ်ထိမှန်သေဆုံးနေသည့် အမျိုးသား)

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့တွင် ဇွန်လ ၁၅ ရက်နေ့၊ နံနက် ၉ နာရီကျော်၌ အမျိုးသား တစ်ဦး သေနတ် ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားသည်။

ဇွန်လ ၁၅ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီ ၁၅ မိနစ်တွင် လဲချားမြို့ လယ်ခေါင်ရှိ ဈေး အရှေ့ဘက်၌ ကားလမ်းကူးနေ သည့် အမျိုးသားတစ်ဦးကို  ကားတစ်စီးဖြင့်လာရောက်သည့် အမည်မသိ လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သွား ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ပစ်ခံရတဲ့အမျိုးသားက ဈေးဘက်ကနေ တဘက်ကို လမ်းကူးနေတဲ့ အချိန်မှာ ပစ်သတ်ခံရတာပါ။ သေနတ် သံ ၃ ချက်ကြားလိုက်ရတယ်၊ သူ့ကို လာပစ်တဲ့ အဖွဲ့က ဘယ်ကနေ လာလဲ၊ ဘယ်သူလဲ ဆိုတာတော့ မသိရဘူး။ ကားနဲ့လာတယ်ပဲ သိရတယ်၊ သူ့ နံရိုးမှာ သေနတ်မှန်သွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

လက်ရှိတွင် သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို သက်ဆိုင်ရာ နှင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးပြီး သယ်ဆောင်သွားပြီ ဖြစ်သည်။

အဆိုပါ ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားသည် မည်သည့်ဒေသက မည်သူဖြစ်သည်ကိုလည်း မသိရ ကြောင်း နှင့် ၎င်း၏ ကျောပိုးအိတ်အတွင်းမှာလည်း လောက်လေးဂွ နှင့် ရေဗူး တစ်ဗူးသာ ပါရှိကြောင်း အထက် ပါ အမျိုးသားဆက်က ဆက်ပြောသည်။

“သေဆုံးသူကလည်း ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး၊ ပြီးတော့ သူ့အိတ်ထဲမှာလည်း လေးဂွ နဲ့ ရေဗူးပဲ ရှိတယ်၊ အခုတော့ တာဝန်ရှိသူတွေက သယ်ဆောင်သွားပြီ၊ အသက် ၂၀ ကျော်ဝန်းကျင်လောက်ပဲ ရှိအုံးမယ်” ဟု အထက် ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယင်းကဲ့သို့  ပစ်ခတ်သတ်ဖြတ်မှုသည် လဲချားမြို့အတွင်း ပထမဆုံး အကြိမ် ဖြစ်ပေါ်ခြင်းဖြစ်ပြီး လက်ရှိအချိန်၌  ဈေးအတွင်းမှ ဈေးဆိုင်များ၊ ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြသည်။

“လဲချားမြို့မှာ တခါမှ ဒီလိုမဖြစ်ဖူးသေးဘူး၊ မြို့လယ်လည်းဖြစ် နေ့လည်နေ့ခင်းလည်း ဖြစ်နေတော့ ပိုပြီးတော့ ကြောက်ရတာပေါ့။ တော်တော်များများက ထိတ်လန့်သွားကြတယ်၊ လုံခြုံရေးပိုင်းအတွက် ပိုပြီးတော့ စိုးရိမ်ရတော့မယ့် အနေအထားဖြစ်တယ်” ဟု လဲချားမြို့နေ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လဲချားမြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် သျှမ်းတပ်မတော် SSPP နှင့် RCSS တို့က သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...