လဲချားမြို့နယ်ထဲမှ SSPP/SSA တပ်ဆုတ်ခွာရန် စစ်ကောင်စီ ညွှန်ကြား

လဲချားမြို့နယ်ထဲမှ SSPP/SSA တပ်ဆုတ်ခွာရန် စစ်ကောင်စီ ညွှန်ကြား

သျှမ်းပြည် လဲချားမြို့နယ်အတွင်းမှာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တပ်စခန်း နေရာ ၁၀ နေရာကို ဆုတ်ခွာပေးရန် စစ်ကောင်စီက ညွှန်ကြား ပြောဆိုလာသည်ဟု SSPP က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် တစ်ကြိမ်၊ ၁၁ ရက်နေ့တွင် တစ်ကြိမ် SSPP /SSA တပ်ဖွဲ့များ ဆုတ်ခွာရန် စစ် ကောင်စီဘက်မှ သတိပေး အကြောင်းကြားလာသော်လည်း SSPP ဘက်မှ တုန့်ပြန်မှု မရှိသည့်အတွက် စစ်ကောင်စီက စစ်ရေးအင်အားဖြင့် ခြိမ်းခြောက်လာကြောင်း SSPP Info က ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ စစ်ရေး အင်အား ဖြည့်တင်းမှုဖြင့် စစ်ရေးတင်းမာနေသည့် မြေပြင် အခြေအနေကို SSPP/SSA မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက "ဟုတ်တယ် ကျနော်တို့ကို လဲချား - ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ် ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ် သတိပေးခဲ့ပါတယ်။ ကျနော်တို့ဘက်ကလည်း ဘယ်လိုမှ နုတ်ထွက်  ပေးလို့ မရဘူးဆိုလို့ အခု စစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ ရှိတဲ့ဘက်ကို လာကပ်ထား တယ်။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလဲ အသင့်ပြင် ထားပြီး ဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" ဟု SSPP Info  တွင် ရေးသားထားသည်။

လက်ရှိ စစ်ကောင်စီတပ်မှ ဆုတ်ခိုင်းနေသည့် လဲချားမြို့ရဲ့ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီ တပ်စခန်း ၁၀ ခုသည် ခိုလမ် တိုင်းစစ်ဌာန၏ လုံခြုံရေးအတွက် အဓိက ကျသည့် နေရာများ ဖြစ်သလို SSPP/SSA ဌာန ချုပ် ၏ လုံခြုံရေးအတွက်လဲ အဓိက ကျသည့် နေရာများဖြစ်ကြောင်းလည်း SSPP Info က ရေးသားဖော်ပြထား သည်။

စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် တစ်ကြိမ် ၊ ၃၀ ရက်နေ့တွင် တစ်ကြိမ် နှင့် ဇူလိုင်လ ၇ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မြောက် SSPP/SSA တပ်ဆုတ်ရန် အမိန့် ညွှန်ကြားချက် ထုတ်ပြန်မှု ရှိခဲ့သည်။

SSPP ၏ ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိပေ။

SSPP တပ်ဖွဲ့သည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် အပစ်ရပ်  NCA လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း စစ်ကောင် စီ လက်အောက်ခံ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင်လည်း စစ်ကောင်စီဘက်မှ SSPP/SSA ဌာနချုပ်ရှိရာနေရာကို ဦးတည်ပြီး ရဟတ်ယာဥ်ဖြင့် လာရောက်ပျံဝဲခြိမ်းခြောက်မှု ပြုခဲ့သည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...