သံလွင်အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်စခန်းနဲ့ မယ်စဲ့မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

သံလွင်အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်စခန်းနဲ့ မယ်စဲ့မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

ထိုင်း- ကရင်နီနယ်စပ် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ မယ်စဲ့မြို့မရဲစခန်းကို ကရင်နီ တပ်မတော် KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၁၃ ရက်နေ့ မနက်စောပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့တယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ် က ပြောပါတယ်။

“ဟုတ်တယ် ဖြစ်တယ်။ အတည်ပြုလို့ရတယ်။ တောင်လှဆိုတာ BP- 14 ၊ 15 ဖက်လေ သံလွင်အရှေ့ဘက် ခြမ်း ပေါ့။ သူတို့(စစ်ကောင်စီ) စခန်းထိုင်တယ် ကျနော်တို့သွားတိုက်တာ ဖြစ်မှာပေါ့ စခန်းကျသွားတာဆိုတော့ ကျနော်တို့သွားတိုက်တာပဲရှိမယ်။ တောင်လှစခန်းဆိုတာ လက်နက်ကြီးတွေရှိတယ် ရိက္ခာဂိုဒေါင်တွေရှိမယ် ခဲယမ်းဂိုဒေါင်တွေရှိတဲ့ စခန်းမျိုးဖြစ်မယ်ထင်တယ်။ ရိက္ခာတို့ လက်နက်ခဲယမ်းရှိတဲ့စခန်းပေါ့” လို့ ဝန်ကြီး ခူးညေးရယ် က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေဆီကနေ လက်နက်ခဲယမ်းရရှိပြီး အကျအဆုံးများတယ်လို့ သိရပေ မယ့် အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ လေယာဉ်လေးစီးကနေ လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီး ပစ်ခတ်မှု တွေလည်း ရှိခဲ့တာကြောင့် အကျအဆုံးများနိုင်တယ်လို့ ယူဆရတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

သိမ်းပိုက်နိုင်ခဲ့တဲ့ တောင်လှစခန်းဟာ သံလွင်အရှေ့ဘက်ခြမ်းရှိ BP- 14 ၊ 15 ဖက်မှာတည်ရှိပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ ရိက္ခာဂိုဒေါင်စခန်းဖြစ်တယ်လို့ သိရပါတယ်။ မယ်စဲ့မြို့မရဲစခန်းကတော့ BP -13 ဂိတ်နဲ့ နီးပြီး လုံခြုံရေးအင်အား မများဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီဟာ မယ်စဲ့မြို့မရဲစခန်းနဲ့ မြို့ပေါ် နေရာတချို့သာ ထိန်းချုပ်ထားနိုင်ပြီး ဒေသခံတော်လှန်ရေးလက်နက်ကိုင်အုပ်စိုးထားတဲ့ နေရာတွေလည်းရှိ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်းသိမ်းပိုက်နိုင်မှုနဲ့ ပတ်သက်ပြီး ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့ ကနေ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ (၁၁)ရက်နေ့ တစ်ရက်တည်းမှာပဲ ကာကွယ်ရေးပူးပေါင်းတပ်တွေကနေပြီး လွိုင်ကော်မြို့ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း (၁၄)က ဇွန်လ ၁၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့ ဒေါတခြားကျေးရွာအနီး စစ်ကောင်စီရဲ့ ဂိတ်တံခါးစခန်းတစ်ခုကိုတော့ ဇွန်လ ၁၁ ရက်နေ့၊ ညနေ ၆နာရီ ၄၅မိနစ်မှာ KNDF တပ်ရင်း( ၁၄) နဲ့ ပူးပေါင်းတပ်ဖွဲ့ တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီတပ်သား ဖက် ထိခိုက်သေဆုံးမူရှိခဲ့ပေမယ့် ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီနေ့ တစ်ရက်တည်းမှာပဲ နွာလဝိုးကျေးရွာအနီး နွားလဝိုးလမ်းခွဲ စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို လက်နက် ကြီးငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားဖက် ထိခိုက်မူရှိနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင် စီ စခန်းအတွင်းရှိ အဆောက်အအုံတွေလည်း ပျက်စီးမှုများရှိခဲ့တယ်လို့ ဆိုပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...