တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံး

တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံး

မိုးဗြဲမြို့ပေါ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အရပ်သားသေဆုံးမှုကလည်း ၂၀ ဦးထက် မနည်း ရှိနေတယ်လို့ မိုးဗြဲမြို့မှာ ကယ် ဆယ်ရေးဆောင်ရွက်တဲ့သူတွေက ပြောပါတယ်။

သေဆုံးသူ အရပ်သားတွေဟာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးစထိမှန်တာ၊ နေအိမ်ထဲပိတ်မိပြီး စစ်ကောင်စီက ဖမ်းဆီးပစ်သတ်တာ၊ လမ်းသွားလမ်းပြည်သူတွေကို ပစ်ခတ်တာ စတဲ့အကြောင်းအရင်းတွေ ကြောင့် သေဆုံးရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်တဲ့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

“အရပ်သားသေဆုံးမှုကတော့ ရုပ်အလောင်းရသလောက် ပြုစုထားတဲ့စာရင်းကတော့ ၂၀ပေါ့နော။ တချို့ ကျန် သေးတယ်ပေါ့။ ရွာထဲမှာထုတ်လို့မရတဲ့ဟာတွေ စစ်ဇုံထဲမှာဖြစ်နေတဲ့ဟာတွေပေါ့နော အဲ့ဒါတွေ အနည်းဆုံး ၄၊ ၅လောင်းလောက်ကျန်မယ်ပေါ့။ လောလောဆယ်ပေါ့နော ၂၅လောက်ရှိမယ် အနီးစပ်ဆုံးပေါ့နော”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက မိုးဗြဲမြို့ပေါ်ကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ ၁၅နှစ်အောက် ကလေး သုံးဦးနဲ့ အမျိုးသမီး ၅ဦးအထိ ပါဝင်နေပြီး ကျန်တဲ့သူတွေကတော့ အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကောက်ယူပြီး သင်္ဂြိုလ်ပြီးစီးတဲ့ စာရင်းအရ ၂၀ ဦး သေ ဆုံးတာကို အတည်ပြုထားနိုင်တာဖြစ်ပြီး သေဆုံးသူအများစုကတော့ စည်ကား (၂) ရပ်ကွက်ကဖြစ်တယ်လို့ အဆိုပါ မိုးဗြဲ ဒေသခံက ဆက်ပြောပါတယ်။

မြို့ဗြဲမြို့က ရပ်ကွက်တွေရဲ့ အိမ်ကြား၊ လမ်းကြားမှာ မကောက်နိုင်သေးတဲ့ ရုပ်အလောင်းတချို့ရှိနေဆဲ ဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် ကောက်ယူလို့အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရ မိုးဗြဲမြို့မှာ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၂ရက်နေ့အထိ အရပ်သားသေဆုံး၊ ပျောက်ဆုံးသူ ၃၅ဦး ထက်မနည်းရှိနေပါတယ်။

Most read this week

August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...
August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...