NUG လူ့အခွင့်ရေးအကြံပေး ဦးအောင်ကျော်မိုး၏ အကိုဖြစ်သူ ဓားထိုးခံရပြီး သေဆုံး

NUG လူ့အခွင့်ရေးအကြံပေး ဦးအောင်ကျော်မိုး၏ အကိုဖြစ်သူ ဓားထိုးခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက် မှာနေထိုင်သူ ရိုဟင်ဂျာ အမျိုးသား ဦးသန်းမြင့် (ခ)Sayedul Anwar ကို အမည်မသိ လူတစ်စုက ဓားနဲ့ထိုးခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

ဦးသန်းမြင့် (ခ)Sayedul Anwar က အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးအကြံပေး ဦးအောင်ကျော်မိုး ရဲ့ အကိုဖြစ်ပါတယ်။

“သူက ရိုဟင်ဂျာ တစ်ယောက်ဖြစ်တယ်၊ အသက်က ၄၅ ပဲရှိသေးတယ်၊ သတ်တဲ့သူတွေက အရမ်း ရဲလွန်းတယ်၊ တရား၀င်လိုင်စင် ရထားသလိုပဲ သူများရပ်ကွက်ထဲကိုတောင် လာသတ်ရဲသေးတယ်၊ သေဆုံးတဲ့ နေရာက အိမ်နဲ့ ဘာမှတောင်မ‌ဝေးပါဘူး၊  ဓားဖြင့် သုံး လေးချက် ဆင့်ထိုးတာ” လို့ နွယ်အေးရပ်ကွက်ထဲ နေထိုင်သူ တစ်ယောက် က ပြောပါတယ်။

ဦးသန်းမြင့် (ခ)Sayedul Anwar ကို ဇွန်လ ၇ ရက်နေ့၊ ည ၁၁ နာရီအချိန်လောက်မှာ အမည်မသိလူတစ်စုက ဓါးနဲ့ထိုးခဲ့တာလို့ နွယ်အေးရပ်ကွက်တွင် နေထိုင်သူက ပြောပါတယ်။

ညီဖြစ်သူ ဦးအောင်ကျော်မိုးက ”ကျွန်တော်က ကိုယ့်အလုပ်နဲ့ နေ့ည မအားဖြစ်နေတာ အစ်ကို ကိုသန်းမြင့်နဲ့ စကားကောင်းကောင်တောင်း မပြောဖြစ်ခဲ့ကြဘူး။  အခုတော့ "အောင်ကျော်မိုး" အစ်ကိုမို့လို့ မသေမချင်း ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ပစ်လိုက်ကြတာ၊ အကိုရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်ကိုယ်ကျ ဘာမှ မလုပ်ပေးနိုင် ရုံမက မျက်နှာကိုတောင် မမြင်လိုက်ရတဲ့အဖြစ် အတော့်ကို ယူကျုံးမရ ခံစားရတယ်။ ကျွန်တော့်မှာ အကိုရယ် ဆိုလို့ ကိုသန်းမြင့် တစ်ဦးတည်းသာရှိတာပါ” လို့ပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ ဦးသန်းမြင့် (ခ)Sayedul Anwar က နိုင်ငံရေးနဲ့ ပတ်သက်ဆက်သွယ်သူမဟုတ်ကြောင်း ညီဖြစ်သူ ဦးအောင်ကျော်မိုးက ပြောသည်။

“သူက သမာအဇီဝနဲ့ အေးဆေး အရောင်းအဝယ် လုပ်စားသူ ဖြစ်ပါ တယ်။ ကျွန်တော်တို့ နွေဦးတော်လှန်ရေး ဓမ္မဘက်တော်သား တွေဟာ အရင်းအနှီးကြီးလွန်းတယ်။ အိုးအိမ်စည်းစိမ်နဲ့ ဘဝပေး အခြေအနေတွေမက မိသားစုအရင်းအချာတွေကိုပါ ပေးဆပ် စတေးခံနေရတယ်” လို့ ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့ကလည်း  စစ်တပ်ထောက်ခံသူတွေက အဆိုတော် လီလီနိုင်ကျော် သေဆုံးခဲ့တာနဲ့ ပတ်သတ်ပြီး လက်စားချေ လုပ်ကြံသတ်ဖြတ်တာဟု ဆိုကာ၊ လီလီနိုင်ကျော်အား သတ်ခဲ့သောသူလို့ စွပ်စွဲပြီး ဖမ်းစီးခြင်း ခံ ထားရတဲ့ ကိုလပြည့်ရဲ့ အမေနဲ့ ညီမ ဖြစ်သူတို့ကို ၎င်းတို့နေထိုင်ရာ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ထဲက ရခိုင်ရိုးကြီးရွာထဲမှာ အသတ်ခံလိုက်ရပါတယ်။

စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေကတော့ သူတို့ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး စစ်တပ်ကို မေးခွန်းထုတ်နေပေမယ့်၊ စစ်ကောင်စီက သေနတ်တွေကိုင်ဆောင်ခွင့် ပြုထားပါတယ်။

ဒါကြောင့် ပြည်သူလူထုကြားမှာ သေနတ်တွေ ပေါများနေသလို ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားလာ နေပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောရေး စခန်းတွေမှာတော့ နေ့စဉ်ဆိုသလို အရပ်သား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

Most read this week

January 29, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံက တင်ပြနေသည့်...
January 28, 2026
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဆက်လက်ကျင်းပလျက်ရှိသည့် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားသော...
January 26, 2026
နိုင်ငံတကာတရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားသော ရိုဟင်ဂျာ လူမျိုးစုအပေါ်...
January 23, 2026
မလေးရှားအစိုးရသည် ဒုက္ခသည်များအတွက် မှတ်ပုံတင်စနစ်အသစ်တစ်ရပ်ကို ဇန်နဝါရီလ ၁ ရက်မှ...