မိုးဗြဲမြို့ခံ အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ပစ်သတ်ခံရတဲ့ ရုပ်အလောင်းတွေ့ရှိ

မိုးဗြဲမြို့ခံ အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ပစ်သတ်ခံရတဲ့ ရုပ်အလောင်းတွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင်းရပ်ကွက်ထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးငယ် (၂)ဦး ဟာ စစ်ကောင်စီ တပ် သားတွေရဲ့ အဓမ္မ ပြုကျင့်ခံရပြီး ဖခင်နဲ့အတူ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ မိုးဗြဲဒေသခံ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

အဓမ္မပြုကျင့်ခံရပြီးနောက် အနီးကပ် ပစ်သတ်ခံထားရတဲ့ အမျိုးနှစ်ယောက်အပြင် သူမတို့ရဲ့ ဖခင်ဖြစ်သူရဲ့ အလောင်းကိုပါ ဇွန်လ ၉ ရက်နေ့မှာ တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ကြားတာလည်း အဲအတိုင်းပဲ ဟုတ်တယ်။ အမျိုးသမီး ၂ဦးကို Rape (အဓမ္မပြုကျင့်) လုပ်ပြီးတော့ အသတ်ခံရတယ်။ ပြီးတော့ သူ့အဖေပါပါ အသတ်ခံရတယ်။ ဒီတိုင်းပုံကြည့်တာနဲ့ကို သိသာပါတယ်။ တကယ် လို့ လက်နက် မတော်တဆပစ်တယ်ဆိုရင် အဲ့လို ပုံစံမျိုးမဟုတ်ဘူးလေ။ သူတို့က တကယ်ကို ဖမ်းဆီးထားပြီး တော့ နှိပ်စက်ထားပြီးတော့မှ Rape လုပ်ပြီးမှ နောက်မှ စစ်ဆေးမေးမြန်းပြီးတော့ သတ်တဲ့သဘောပေါ့။ အနီး ကပ်ပစ်ခတ်တဲ့သဘောပါ“ လို့ မိုးဗြဲဒေသခံ တစ်ဦးဆီက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည် သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေတာပါ။

ဒေသခံတွေကတော့ တိုက်ပွဲကြောင့် ထွက် ပြေးတိမ်းရှောင်နေသူတွေရှိသလို၊ နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ပိတ်မိနေသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ အမျိုးသမီးငယ် ၂ ဦးအပြင် သူမတို့၏ ဖခင် အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မိုးဗြဲဒေသခံတွေဆီက အတည်ပြုချက်တွေ ရရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖက်ကို အတည်ပြုဖို့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီတပ်ဖက် လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ထိခိုက် သေဆုံးမှု တွေရှိသလို နေအိမ်အမြောက်အများ ပျက်စီးမှုတွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန် ထားတာရှိပါတယ်။

မိုးဗြဲမြို့မှာ မေလ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးတွေအပြင် လေကြောင်း ပစ်ခတ်မှုတွေ ကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၃) ဦး အပါအဝင် ပြည်သူ စုစုပေါင်း (၁၃)ဦး သေဆုံးခဲ့ရတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁)က ဇွန်လ ၉ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့တွင်းမှာ စစ်ရေးအရ သော်လည်းကောင်း၊ မည်သည့်အရ သော်လည်းကောင်း အစိုးမရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုပြုပေးဖို့နဲ့ ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက် တွေကို လိုက်နာပေးဖို့ မိုးဗြဲ PDF တပ်ရင်း (၁) ရဲ့ ဇွန်လ (၉) ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ မေတ္တာရပ်ခံထားပါ တယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...