လက်နက်ကြီးကြောင့် ဘောလခဲ အရပ်သား အမျိုးသားတစ်ဦး ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ထွက် သေဆုံး

လက်နက်ကြီးကြောင့် ဘောလခဲ အရပ်သား အမျိုးသားတစ်ဦး ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ထွက် သေဆုံး

ကယား (ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းရှိ လွယ်ဝိန်းကျေးရွာထဲ လက်နက်ကြီးကျရောက် ပေါက် ကွဲမှုကြောင့် အမျိုးသားတစ်ဦး ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ထွက် သေဆုံးသွားခဲ့ပါတယ်။

ဇွန်လ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲ အခြေစိုက်ဗျူဟာကနေ လက်နက်ကြီးပစ်ခတ်ရာမှ စောလုံကျေးရွာအုပ်စု လွယ်ဝိန်းကျေးရွာထဲကျရောက်ခဲ့ပြီး အသက် ၂၉နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိမှန် ခဲ့ပါတယ်။

အဆိုပါထိခိုက်မိတဲ့ အမျိုးသားမှာ ဦးအိုက်နူဖြစ်ပြီး လက်နက်ကြီးကြောင့် ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ထွက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

“တန်ပြန်နေ့ (ဇွန်လ ၈ ရက်) က ညနေ လေးနာရီကျော်ကျော်ပေါ့နော။ လွယ်ဝိန်းရွာထဲမှာ ရွာလယ် မှာ ကျ တယ်ပေါ့နော်။ စောလုံအပေါ်နည်းနည်းတစ်ရွာပေါ့နော။ အ့မှာ ရွာလယ် တည့်တည့်ကျတော့ အိုက်နူဆိုတဲ့ လူ ထိသွားတယ်။ အသက် ၂၉ နှစ်အရွယ် ယောကျ်ားလေး။ အဲ့မှာ တစ်စစီဖြစ်သွားတယ်လေ ကြေသွားတယ်ပေါ့ အစအန ဖြစ်သွားတယ်။ ထိသွားတဲ့ကိစ္စ သတင်းရထားပါတယ်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၉ ရက်နေ့၊ မနက်ပိုင်းမှာလည်း စစ်ကောင်စီက အဆိုပါကျေးရွာထဲကိုပဲ လက်နက်ကြီးလေးလုံး ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ် ချက်ရှိရှိ ကျေးရွာတွေထဲ ၁၂၀ မမ နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောပါတယ်။

“စစ်ရေးအခြေအနေကတော့ စစ်ကောင်စီကတော့ တတ်နိုင်သလောက် သူတို့နေရာချဲ့ဖို့ နောက်ပြီးတော့ လူထု ကိုသတ်ဖို့ ကျနော်တို့ကိုလည်း သတ်ဖို့ အဲ့လိုရည်ရွယ်ချက်နဲ့ အစီအစဉ်နဲ့ နယ်မြေရှင်းလင်းနေတယ်။ အဲ့ဒီဖက် မှာတော့ တိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူး။ ဒါပေမဲ့ အဲလိုမျိုးဖြစ်တဲ့ကိစ္စကတော့ သူတို့ သဘောထားက ဘယ် လိုပြောရမလဲ သူတို့လုပ်ထုံးလုပ်နည်းပေါ့“ လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာထဲက ဒေသခံအများစုက ထွက်ပြေး တိမ်း ရှောင်နေကြရပြီး ရွာစောင့်အဖြစ် ကျန်ရစ်ခဲ့သူအနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ်ထဲက စောလုံကျေးရွာကို လေ ကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနဲ့ ကျေးရွာဆေးပေးခန်း၊ လူနေအိမ် ပျက်စီးခဲ့ရပါတယ်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...