မူဆယ်မြို့နယ်အတွင်း SSPP က သေနတ်ပစ်ဖောက်ပြီး တပ်သားလိုက် စုဆောင်းနေ

မူဆယ်မြို့နယ်အတွင်း SSPP က သေနတ်ပစ်ဖောက်ပြီး တပ်သားလိုက် စုဆောင်းနေ

သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က သေနတ်ပစ်ဖောက်ပြီး ရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြော သည်။

ဇွန် ၅ ရက်နေ့တွင် နမ့်အွမ်ကျေးရွာအုပ်စုအတွင်း SSPP/SSA တပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး နမ့်အွမ်ကျေးရွာ ဒေသခံ နှင့် ကောင်းဝိန်းကျေးရွာဒေသခံ (၄) ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“ကောင်းဝိန်းဘက် နဲ့ နမ့်အွမ်ဘက်က လူတွေကို ဖမ်းသွားတာ။ မနေ့က လာဖမ်းသွားတာ။ (၄) ယောက် လောက် ဖမ်းသွားတယ်လို့ ပြောတယ်။ သေနတ်တွေ ပစ်ဖောက်ပြီးတော့ ဖမ်းသွားတာ။ ဒီနေ့ ထပ်လာသေး တယ်။ ဒီနေ့လည်း သေနတ်ပစ်ဖောက်ပြီးတော့ ရွာတွေထဲ ဝင်လာတာ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင်လည်း တိန်းလုံကျေးရွာထဲကို သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့သည်ဟု ဒေသခံများ က ဆိုသည်။ သို့သော် ယနေ့အတွက် တပ်သားမည်မျှ ရရှိသွားသည်ကို မသိရှိရသေးပေ။

ထို့အပြင် SSPP/SSA တပ်ဖွဲ့မှ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေးရွာများထဲတွင် အိမ် ၁၀ အိမ်ကို တပ်သား ၂ ဦးပေးဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

မူဆယ်မြို့ ဒေသခံ တစ်ဦးက “သူတို့ လာကောက်မယ်ဆိုပြီးတော့ ကျနော်တို့ ကျေးရွာဘက်တွေမှာတော့ လာ ပြောသွားတာတော့ ရှိတယ်။ ဒီနေ့မှ လာပြောသွားတာ။ သူတို့ (၅) ရက် အချိန်ပေးမယ်တဲ့။ သူတို့တပ်သား တောင်းတာက ဥပမာ ၁၀ အိမ်ဆိုရင် ၂ ယောက်ပေးရမယ်တဲ့။ ရွာတစ်ရွာမှာ အိမ်ခြေ ၁၀၀ ရှိရင် လူ ၂၀ ပေးရ မှာပေါ့။ ပြီးတော့ သူတို့နား စစ်သင်တန်း ၁ လ သွားသင်ပြီးရင် ၁ လ အိမ်မှာ ပြန်လာနေလို့ရတယ်တဲ့။ ဒါပေ မယ့် စစ်ထဲတော့ ရာသက်ပန်နေရမယ်တဲ့” ဟု ပြောသည်။

ထိုသို့ SSPP/SSA တပ်ဖွဲ့မှ တပ်သားတွေကို လိုက်လံ စုဆောင်းနေသည့်အတွက် မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ဒေသခံများက ထွက်ပြေးတိမ်းရှောင်နေကြသည်။

“နမ့်အွမ်ကျေးရွာဒေသခံတွေဆိုရင် မူဆယ်မြို့ပေါ်ကို ထွက်လာခဲ့တာတွေရှိတယ်။ သူတို့ တပ်သား လာကောက် မယ်လို့ ပြောတော့ တချို့တွေက ထွက်ပြေးနေကြပြီ။ သူတို့ပြောတာတော့ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ် နဲ့ ပန် ဆိုင်းဘက်ကလူတွေကို တပ်သားလာကောက်မယ်လို့ပြောတယ်။ အခုတော့ မြို့ပေါ်တွေ တစ်ခြားနေရာတွေ ကို ပြောင်းရွှေ့နေကြပြီ” ဟု နမ့်အွမ်ကျေးရွာအတွင်း သွားလာခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ SSPP/SSA တပ်ဖွဲ့သည် နမ့်လန်မြို့ထဲတွင်လည်း ညအချိန်တွင် တပ်သားသစ် လိုက်လံ စုဆောင်း လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် SSPP/SSA အပြင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နမ့်ခမ်းမြို့ ပေါ်တွင် တပ်သားသစ် လိုက်လံစုဆောင်းနေပြီး အခွန်ကောက်ခံမှုများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...