ရှမ်းပြည်နယ်တောင်ပိုင်း မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ ကရင်နီစစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်း မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ ကရင်နီစစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေ

ရှမ်းပြည်နယ် တောင်ပိုင်း မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်တဲ့ ကရင်နီစစ်ဘေးရှောင်တချို့ကို နေရပ်ပြန်ခိုင်းတာ တွေရှိနေတယ်လို့ အဲဒီမှာနေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ကို ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေကနေ ဖိအားပေးလာတာကြောင့် စစ်ဘေးရှောင် တချို့ ပြန်တာတွေရှိနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း စစ်ဘေးရှောင်နေသူတစ်ဦးက “စိုက်ပျိုးရေးလေး ဘာလေးလုပ် ဝက်မွေးလုပ်တာ ပြန်ခိုင်းတယ်။ ဝက်တွေပါယူ ပြန် ပြောတယ်။ အပြီးပြန်ဖို့ နင်တို့ မျက်နှာမမြင်ချင်ဘူး ပြောတယ်” လို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစပြီး ရှမ်းပြည်တောင်ပိုင်းကို စစ်ရှောင်နေကြရတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည် တွေကို နေရပ်ပြန်ဖို့ ပြောဆိုတာရှိပါတယ်။

သို့သော်လည်း လက်ရှိအခြေအနေအရ ကရင်နီပြည်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေဆဲဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင်အများစုမှာ ပြန်စရာ အိမ်မရှိကြပါ ဘူး။

အခုလို စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ပိုမိုဖိအားပေးလာနေတဲ့အတွက် စစ်ရှောင်တချို့ ဟာ နေရပ်ပြန် ပြီး နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုကပ်နေခဲ့ရသူတွေလည်း ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးတွေကနေ ဖိအားပေးတာမျိုးရှိခဲ့ပါတယ်။

နေရပ်မပြန်နိုင်သူတွေကိုတော့ အဲဒီမှာနေထိုင်ကြောင်း အထောက်အထားအနေနဲ့ အိမ်ထောင်စုစာရင်း ပြောင် းခိုင်းတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းကျော်အထိရှိလာခဲ့ပြီး တောတောင် တွေထဲ စစ်ဘေးရှောင်နေကြသူတွေရှိသလို နယ်စပ်တွေနဲ့ တခြားပြည်နယ်တွေကို စစ်ရှောင်သွားကြသူတွေ လည်းရှိနေပါတယ်။

တောတောင်တွေထဲ စစ်ဘေးရှောင်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းနဲ့ ပစ်ခတ်မှု တွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို သေဆုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...