ငြိမ်းချမ်းရေးကော်မရှင်နှင့်DPN ခေါင်းဆောင်များ တွေ့ဆုံ

ငြိမ်းချမ်းရေးကော်မရှင်နှင့်DPN ခေါင်းဆောင်များ တွေ့ဆုံ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေးကော်မရှင် နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်များ ၏ တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉  နာရီက ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးခန်းတွင် နှစ်ဖက်ခေါင်းဆောင်များ စတင်တွေ့ဆုံဆွေးနွေးနေသည်။

ဆွေးနွေးပွဲတွင် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC မှ အဆိုပြုထားသည့် အချက် ၉  ချက် ကို နှစ်ဖက် ခေါင်းဆောင်ကိုယ်စားလှယ်များ ဆွေးနွေးသွားရန်ရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးရေး ကိစ္စများကိုလည်း ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲကို အစိုးရဖက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော် နှင့် တပ်မတော်ကိုယ်စားလှယ်ဖက်မှ ဒုတိယ ဗိုလ်ချူပ်ကြီး ရာပြည့် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်ပြီး ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး၊ ဦးထွန်းဇော် ဗိုလ်မှုးကြီး မင်းထွန်း၊ ဗိုလ်မှူးကြီး ဘုန်းနိုင်၊ နာဗစ်ဘွန် တို့ တက်ရောက်ဆွေးနွေးနေသည်။

ယနေ့အစည်းအဝေးကို NCA အပစ်ရပ် ၈ ဖွဲ့မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော် သံခဲ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်း၊ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့မှ ပဒိုစောရွှေမောင် တို့မှ လေ့လာသူများအဖြစ် ပါ၀င်တက်ရောက်နေသည်ကို တွေ့ရသည်။

လက်ရှိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်အပေါင်းစုအဖွဲ့တွင် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါ၀င်သည်။

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...