ရခိုင်မှာကျောင်းအပ်လက်ခံနေပေမယ့် မိုခါမုန်တိုင်းသင့် နေရာတွေမှာ ကျောင်းဖွင့်ဖို့မဖြစ်နိုင်သေး

ရခိုင်မှာကျောင်းအပ်လက်ခံနေပေမယ့် မိုခါမုန်တိုင်းသင့် နေရာတွေမှာ ကျောင်းဖွင့်ဖို့မဖြစ်နိုင်သေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံသီတင်းပတ်အတွက်  ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်း တွေမှာ ကျောင်းအပ်နှံမှုတွေကို စတင်လက်ခံနေပြီဖြစ်ပေမယ့် မိုခါမုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရတဲ့ နေရာတွေမှာ တော့ ကျောင်းအပ်လက်ခံပြီး ပညာသင်ကြားရေးတွေ စတင်ဖို့ အခက်အခဲများစွာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုခါမုန်တိုင်းဒဏ်ကို ရခိုင်က ဒေသအတော်များများမှာ ခံစားခဲ့ရပေမယ့် မုန်ဆိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရ တဲ့ ရခိုင်မြောက်ပိုင်းဒေသမှာတော့ ကျောင်းအပ်လက်ခံပြီး ပညာသင်ကြားရေးတွေပြန်လည်စတင်ဖို့ အခက်အခဲ တွေများစွာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ခံတစ်ဦးက “သံတွဲနဲ့ တခြားမြို့တွေမှာတော့ ကျောင်းအပ်လက်ခံနေတာပဲ။ အဓိကကတော့ မုန်တိုင်း  ဝင်သွားတဲ့ မြောက်ပိုင်း မှာ ကျောင်းတွေဖွင့်ဖို့မပြောနဲ့ ဆရာမတွေတောင် ကျောင်းသွားဖို့ခက်နေတာ။ မြောက် ပိုင်းမှာ ဟိုးအတွင်းပိုင်းက ရွာတွေမှာဆိုရင်တော့ ဖွင့်ဖို့က တော်တော်ခက်နေပါဦးမယ်။ မိုခါထိခဲ့တဲ့နေရာက ကျောင်းတွေတော့ ဘယ်သူမှ လက်မခံနိုင်သေးဘူး။ မြို့ပေါ်ကျောင်းတွေလောက်ပဲ အရင်လက်ခံလို့ရမှာပေါ့” လို့ ပြောပါတယ်။

မြို့ပေါ်ရှိ ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပြီ ကျောင်းဖွင့်နိုင်မယ့် အလားအလာရှိပေမယ့် ရွာကျောင်း တွေမှာတော့ ကျောင်းအပ်လက်ခံထားပေမယ့် စာသင်ဖို့ကတော့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

“ရွာကကျောင်းတွေ ကတော့ စာသင်ဖို့မလွယ်ဘူး။ ချောင်းတွေ ရေလျှံခဲ့တယ်။ နုန်းတွေတင်ကျန်ခဲ့တယ်။ အဲဒီနုန်းတွေ ဆေးချရ တာတွေ။ မိုးတွင်းမှာ ရေကြီးရေလျှံလို့ ကျောင်းတက်ဖို့မလွယ်တာတွေရှိနေဦးမှာ” လို့  စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်မှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းတွေမှာတော့ “ကျောင်း နေ အရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ကျောင်းအပ်စတင်  လက်ခံဆောင်ရွက်ပေးလျက် ရှိနေပြီလို့ ရခိုင်ပြည် နယ်အစိုးရက မေလ (၂၃)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်မြောက်ပိုင်း စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူစတဲ့မြို့နယ်တွေအပါအဝင် ရခိုင်မြောက်ပိုင်းက မြို့နယ် တွေမှာ မိုခါမုန်တိုင်းဒဏ်ကို  အလူးအလဲခံစားခဲ့ရပြီး စာသင်ကျောင်းအများစု ပျက်ဆီးခဲ့ရတာပါ။

အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေကို   မေလ( ၂၃) ရက်နေ့က စတင် လက်ခံနေပြီဖြစ်ပြီး မေလ(၂၅)ရက်နေ့အထိ  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃) သိန်းကျော် (၁၃၄၃၀၃၇)ဦး လာရောက် ကျောင်းအပ်နှံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်မှုအရ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ကျောင်းအပ်လက်ခံသီတင်းပတ်ကို  မေလ( ၂၃)ရက်နေ့ကနေ မေလ( ၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး အခုပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နဲ့ မူလတန်းအဆင့် ကျောင်းတွေကို ဇွန်လ( ၁) ရက်နေ့မှာ စတင် ဖွင့်လှစ်ပြီး စာရေးကိရိယာတွေနဲ့ ကျောင်းသုံးစာအုပ်တွေကို ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့ပေးမယ်လို့  စစ်ကောင်စီလက် အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

Most read this week

ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...