CDM များ ခန့်အပ်သည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက မန္တလေးပုဂ္ဂလိကဆေးရုံ (၃) ရုံကို လိုင်စင်သိမ်း

CDM များ ခန့်အပ်သည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက မန္တလေးပုဂ္ဂလိကဆေးရုံ (၃) ရုံကို လိုင်စင်သိမ်း

မန္တလေးက ပုဂ္ဂလိက ဆေးရုံ (၃) ခုကို CDM များအား အလုပ်ခန့်အပ်သည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက လိုင်စင်ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

၎င်းဆေးရုံ ၃ ရုံမှာ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် နန်းတော်ဆေးရုံတို့ဖြစ်သည်။

ပိတ်သိမ်းခံရသည့် ဆေးရုံတစ်ခုက ဝန်ထမ်းတစ်ဦးက “ဆေးရုံပိတ်သိမ်းခံရတော့ ဝန်ထမ်းတွေတော့ အခက်အခဲ ဖြစ်ကုန်တာပေါ့။ ဆေးရုံဆိုတော့ အောက်ခြေ သန့်ရှင်း ရေးဝန်ထမ်း လုံခြုံရေးဝန်ထမ်းတွေကအစ အကုန် အခက်တွေ့ကုန်တော့ပေါ့” ဟု ပြောသည်။

၎င်းဆေးရုံ ၃ ရုံသည် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ - က ပါ လိုင်စင် စည်းကမ်းကို လိုက်နာမှု မရှိသည့်အတွက် လိုင်စင် ပိတ်သိမ်းရခြင်းဖြစ်သည်ဟု စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီကနေ လွန်ခဲ့သည့် ၄ လခန့်ကတည်းက CDM များ ခန့်အပ်သည့် အကြောင်းပြချက်ဖြင့် မန္တလေးက ပုဂ္ဂလိက ဆေးရုံ ၅ ခုကို ယာယီ ပိတ်သိမ်းခိုင်းထားခဲ့ခြင်း ဖြစ်ပြီး ၎င်းထဲက ဆေးရုံ (၃) ခုကို မေလ (၁၅) ရက်နေ့ တွင် အပြီးတိုင် လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ပိတ်သိမ်းခံရသည့် ဆေးရုံ (၃) ခုပေါင်းတွင် ဝန်ထမ်းပေါင်း ၁၀၀၀ နီးပါးခန့် ရှိနိုင်ပြီး အားလုံး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းက တစ်ဆင့်သိရသည်။

အဆိုပါ ဆေးရုံများ ပိတ်သိမ်းမှုကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အဖွဲ့ (၁/ ၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အရ ဟု ဇန်နဝါရီလ ၁ ရက် နေ့ ကတည်းက လုပ်ငန်းလိုင်စင် ပယ်ဖျက်ခံထားရခြင်း ဖြစ်သည်။

စစ်ကောင်စီကနေ မန္တလေးမြို့ထဲရှိ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံများတွင် CDM ခန့်အပ်ထားမှုများ ရှိမရှိ စစ်ဆေး မှုတို့ကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအချိန်ကစပြီး လုပ်ခဲ့ခြင်း ဖြစ်ပြီး ဆေးရုံ (၅) ခုကို ယာယီပိတ်သိမ်းခိုင်းခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဆေးရုံများနှင့် နီးစပ်သူများက ဆိုသည်။

ထိုအချိန်က ယာယီပိတ်သိမ်းခံရသည့် ဆေးရုံများမှာ ထက်နေလင်း၊ စိန်ပန်း၊ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် နန်းတော်ဆေးရုံတို့ ဖြစ်ကြသည်။

အဆိုပါ ဆေးရုံများအနက် ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က လိုင်စင်ပိတ်သိမ်းခိုင်းလိုက်ရသည့် ဆေးရုံ (၃) ရုံမှာ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် နန်းတော်ဆေးရုံတို့ဖြစ်ကြပြီး ကျန် ဆေးရုံနှစ်ခုဖြစ်သည့် ထက်နေလင်းနှင့် စိန်ပန်း ဆေးရုံတို့နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်ခြင်း မရှိသေးဘူးဟု နီးစပ်သူများက ပြောသည်။

ဓာတ်ပုံ - ပိတ်သိမ်းခံရသည့် မြို့တော် ဆေးရုံ (FB)

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...