ကျိုက်ထီးရိုးတောင်ခြေ ရဲစခန်း ဒရုန်းဖြင့် တိုက်ခံရပြီး မီးလောင်

ကျိုက်ထီးရိုးတောင်ခြေ ရဲစခန်း ဒရုန်းဖြင့် တိုက်ခံရပြီး မီးလောင်

ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်းမွန်ချောင်း နယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရပြီး စခန်း မီးလောင် ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ကင်းမွန်ချောင်းဒေသခံတစ်ဦးက “သေနတ်သံကြားရပြီးတော့ ရဲစခန်းဘက်မှာ မီးခိုးလုံးတွေ ထွက်လာတာတော့ တွေ့ရတယ်။ မီးလောင်တာတော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် အသေးစိတ်တော့ ကိုယ်လည်း မသိရဘူး” ဟု ပြော သည်။

ကင်းမွန်ချောင်း နယ်မြေရဲစခန်းကို ဧပြီလ ၂၇ ရက်နေ့၊ ညနေ ၄ နာရီကျော် အချိန်ခန့်က ကျိုက်ထိုမြို့နယ် တော် လှန်ရေး အင်အားစုများက ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ထုတ်ပြန်ထားသည်။

ကင်းမွန်ချောင်းနယ်မြေ ရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရဲစခန်း မီးလောင်ပြာကျသွားသည်ဟု တော်လှန်ရေး အင်အားစုများဘက်က ထုတ်ပြန်ထားသော်လည်း အသေးစိတ်ကိုမူ မသိဘူးဟု ဒေသခံများက ပြောသည်။

အဆိုပါ ရဲစခန်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်ခြင်း မရှိသေးဘူးဟု PPDF-KD က ထုတ်ပြန်ထားသည်။ တော်လှန်ရေး အင်အားစုများဘက်တွင်မူ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကင်းမွန်းချောင်း နယ်မြေရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ KNLA၊ PDF၊ PPDF-KD၊ KRF၊ TPDF၊ ဘီးလင်း (ပကဖ)နှင့် ကျိုက်ထို (ပကဖ)တို့ ပူးပေါင်းကာ ဧပြီ ၂၇ ရက် က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကျိုက်ထို တော်လှန်ရေး အင်အားစုကလည်း ထုတ်ပြန်ထားသည်။

ကင်းမွန်ချောင်းနယ်မြေ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်ဟုလည်း ဒေသခံများက ပြော သည်။

မွန်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများအပြင် စစ်ယာဉ်တန်း များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အခြေအနေ အချိန်ခါပေါ်မူတည်၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် အဆိုပါနေရာများနှင့် ခပ်ခွာခွာတွင် နေထိုင်ပေးကြရန်လည်း ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က သတိပေးမေတ္တာရပ်ခံထားသည်။

ကျိုက်ထီးရိုး ဘုရားတောင်ခြေရှိ ကင်းမွန်ချောင်း နယ်မြေရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်ဟု ဒေသခံများက ပြော သည်။

April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...