စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရာသီဥတု ပူပြင်းမှုကြောင့် ကလေး၊ လူကြီး အပါအဝင် ဝမ်းရောဂါဖြစ်များနေ

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရာသီဥတု ပူပြင်းမှုကြောင့် ကလေး၊ လူကြီး အပါအဝင် ဝမ်းရောဂါဖြစ်များနေ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရာသီဥတု ပူပြင်းမှုကြောင့် ကလေး၊ လူကြီးတွေဟာ ဝမ်းရောဂါအပြင် ဖျားနာမှုရှိနေကြတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေတဲ့ ဆရာမတွေထံကနေ သိရပါတယ်။

စစ်ရှောင်အများစုဟာ တိုက်ပွဲတွေကြား အသက်လုထွက်ပြေးလာရတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်မှာပဲ ဒီးမော့ဆို အရှေ့ခြမ်းက ဒေသခံအပါအဝင် ထပ်ဆင့်စစ်ဘေးရှောင်ဦးရေ ၃သောင်းကျော်ဟာ စစ်ဘေးရှောင်ခဲ့ရပါတယ်။ စစ်ရှောင်အများစုဟာ စိတ်ဒဏ်ရာတွေရှိနေပြီး စားမဝင်၊ အိပ်မပျော်ခြင်းနဲ့ နှာစေး၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတွေအပြင် ဝမ်းပျက်ဝမ်းလျောတွေနဲ့ ကြုံတွေ့နေရပြီး သောက်သုံးဖို့ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။

ယခု ဧပြီလနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ရာသီဥတု ပူပြင်းတာကြောင့် ရာသီကာလ အပြောင်းအလဲ ရှိသလို ကူးစက်မှုပျံ့နှံ့မှုမြန်တဲ့ အချိန်ကာလ ဖြစ်တာကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“နွေရာသီက တအားပူလို့လေး ပူတဲ့ အစားအစာထပ်စားမယ်ဆိုရင် အဆင်မပြေဘူးပေါ့၊ ပြီးတော့ ရေကို ချိုးချင်တိုင်း ချိုးလို့မရဘူး ဖြစ်နိုင်ရင် မနက်ပိုင်းချိုးတာ ပိုကောင်းတယ်၊ ညနေပိုင်းဆိုရင် နေအပူရှိန်ရှိနေတော့ အပူရှတာ ဖြစ်နိုင်တာပေါ့။ စားချင်တိုင်း စားလို့မရဘူးဆိုတာက အပူအစပ်တွေ တအားစားလို့ ရှိရင် ရာသီဥတုကလည်း ပူနေတော့ ဝမ်းပျက်ဝမ်းလျော ပိုဖြစ်တယ်၊ ရေများများ သောက်ပေးဖို့လိုတယ်။ ဒီအချိန်က အချိုရည်တွေ ဘာတွေ သောက်ချင်တယ်ဆိုရင်လည်း သဘာဝ အသီးဖျော်ရည်မျိုးသောက်ရင် ပိုကောင်းတယ်လို့” ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်တာ ကာလကြာမြင့်လာတဲ့အပြင် လုပ်ငန်းလည်ပတ်မှုမရှိကြတော့ပဲ အလှူရှင်ကိုသာ မှီခိုအားကိုး နေရတဲ့အတွက် ယခုလို ရာသီဥတု ပူပြင်းမှုကြောင့်ဟာ ကလေး၊ လူကြီးအပါအဝင် ဖျားနာမှုတွေ ရှိနေတာလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“ယခု ဖြစ်များတာက ဝမ်းရောဂါပဲ လူကြီးရော၊ ကလေးပါဖြစ်နေတယ်၊ ဝမ်းပျက်ဝမ်းလျော ဆိုပေမယ့် ဝမ်းပျက်ဝမ်းလျောက ရေရှားတာတို့၊ ရေမသန့်တာ၊ အစာမသန့်တာတွေ ဖြစ်ရမှာ အခုက အဲလိုဖြစ်နေတော့ ဘယ်လိုလဲတော့ သေချာမသိဘူး”လို့ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် ကျန်းမာရေးကူညီပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေဟာ ယခုလ အတွင်း ပိုမိုဖျားနာမှု ရှိနေပြီး နှာစေး၊ ချောင်းဆိုး အပြင် ဝမ်းပျက်ဝမ်းလျောဖြစ်နေကြတယ်လို့ သိရပါတယ်။ ယခု ဧပြီလအတွင်းမှာတော့ ဒီးမော့ဆို အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ ကလေး အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျောဖြစ်လို့ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...