စစ်ရှောင်လူငယ်လေးတစ်စုရဲ့ ပန်းပုလက်ရာတွေကို ရောင်းချဖို့ စျေးကွက်ရှာနေ

စစ်ရှောင်လူငယ်လေးတစ်စုရဲ့ ပန်းပုလက်ရာတွေကို ရောင်းချဖို့ စျေးကွက်ရှာနေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း မှာ ဖွင့်လှစ်ထားတဲ့ ပန်းပုသင်တန်းကို တက်ရောက်နေတဲ့ စစ်ရှောင်လူငယ်တွေရဲ့ ပန်းပုလက်ရာတွေကို ရောင်းချပေးဖို့ စျေးကွက်ရှာနေတယ်လို့ သင်တန်းစီစဉ်သူ မသင်းသင်းက ပြောပါတယ်။

” ကျမအနေနဲ့ခါကျတော့ သူတို့ကိုစျေးကွက်ရှာပေးဖို့ကြိုးစားနေတယ်ပေါ့နော။အဓိက ကတော့စျေးရောင်းတဲ့ပလက်ဖောင်း တစ်ခုရယ် ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ့နော အဓိက။ နောက်တစ်ခုခါကျတော့စျေးဆိုင်သေးသေးလေးဆောက်ပေးချင်တယ်ပေါ့နော။ ဆိုတော့အဲ့ဒီစျေးဆိုင်ကနေ လူတွေနည်းနည်းပါးပါးသိလာအောင်။ ပြီးလို့ရှိရင်အော်ဒါမှာလို့ရတဲ့အဆင့်ထိရောက်အောင်ပေါ့နော။ သူတို့ကို train (လေ့ကျင့်ပေး) ချင်တယ်ပေါ့နော” လို့ မသင်းသင်းက ပြောပါတယ်။

ဒါ့အပြင် ပန်းပုလက်ရာတွေကို ဆိုင်မှာ ပြသဖို့ အတွက် အရင်းနှီး လည်းလိုအပ်နေတယ်လို့ မသင်းသင်းက ဆက်ပြောပါတယ်။ အဆိုပါ ပန်းပုသင်တန်းကို စစ်ရှောင်မှာရှိတဲ့ လူငယ်တွေအတွက် စိတ်ထွက်ပေါက် တစ်ခုဖြစ်စေဖို့ အတွက် ဖွင့်လှစ်ပေးထားခဲ့တာဖြစ်ပါတယ်။

ပန်းပုသင်တန်း တက်ရောက်သူ ၇ ဦးရှိပြီး အသက်အရွယ်အားဖြင့် ၁၂ နှစ် မှ ၁၄နှစ် ကြားရှိကလေးလူငယ်လေးတွေ ဖြစ်ပါတယ်။ စစ်ရှောင် ၅ဦး ၊ ဒေသခံ ၂ ဦး ပါ၀င်တက်ရောက်တာဖြစ်ပါတယ်

” ကျမတို့အခု စစ်ရှောင်ရင်းနဲ့ သောကရောက်နေကြရတယ် ဆိုတော့ များသောအားဖြင့် ကလေးတွေ ပေါ့နော့။ သူတို့ ဒုက္ခရောက်တဲ့ အပိုင်းကို အမြဲတမ်းစဥ်းစားပြီးတော့ အားမငယ်စေချင်ဘူးပေါ့နော။ ဆိုတော့သူတို့ကို အလုပ်ရှုပ်အောင် ဒီသင်တန်းတွေကို လုပ်ခိုင်းချင်တယ်။ ပြီးလို့ရှိရင် နောက်တစ်ခုအနေနဲ့ခါကျတော့ ဒီစစ်ရှောင်ရင်းနဲ့ ပညာလည်းတစ်ခု ရသွားအောင်ပေါ့နော” လို့ သင်တန်းစီစဥ်သူ မသင်းသင်းက ပြောပါတယ်။

ပန်းပုထုတဲ့ခါမှာ ကျွန်း၊ ပိတောက် စတဲ့သစ်မာပင်ကို အသုံးပြုထုလုပ်တာဟာ အသင့်တော်ဆုံးဖြစ်ပေမဲ့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အတွက် ယဉ်မနီသစ်ကို သာအသုံးပြုထုလုပ်ကြရပါတယ်။

အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...