အလယ်ကယန်းဒေသမှာ (၂၃)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ကျင်းပ

အလယ်ကယန်းဒေသမှာ (၂၃)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ကျင်းပ

ခွန်းကလိုင်းဖရီး — ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၂၃) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ကယန်းစာပေနှင့်ယဥ်ကျေးမှုဗဟိုကော်မတီက ဦးဆောင်ပြီး ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခုလို ကယန်းအမျိုးသားနေ့အခမ်းအနားကို အကျဥ်းချုံးကျင်းပ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကယန်းစာပေနှင့် ယဥ်ကျေးမှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူး (၂) ခွန်းလွီးစီက အခုလို ပြောပါတယ်။

” ကျနော်တို့ ကယန်းလူမျိုးတွေအတွက်က အကြီးမြတ်ဆုံးနေ့တစ်နေ့ဖြစ်တယ်။ ကျနော်တို့ ကယန်းအမျိုးသားနေ့ဆိုတာ ကယန်းဆိုတဲ့ လူမျိုးကို တသမတ်တည်း ခံယူပြီးတော့ ပေါက်ဖွားလာတဲ့နေ့ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အတွက် အကြီးဆုံးပွဲတစ်ပွဲဖြစ်တယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် သော်လည်းကောင်း၊ နိုင်ငံရေးအခြေအနေကြောင့် သော်လည်းကောင်း သိပ်ကျေကျေနပ်နပ်မကျင်းလာနိုင်တာကြာတော့ ကျနော်တို့ အများကြီးလုပ်ချင်တယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အများကြီးမလုပ်နိုင်ပေမယ့် ကျနော်တို့ မျှော်လင့်တဲ့ ပုံစံမျိုးဖြစ်လာတာတော့ ဝမ်းသာတယ်။ကျနော်တို့ အခမ်းအနားမှာ မလာနိုင်တဲ့ လူထုကလည်း သူတို့နည်း သူတို့ဟန်နဲ့ ပါဝင်လာနိုင်တဲ့ အတိုင်းအတာမှာ ရှိလာတော့ ကယန်းလူမျိုးတွေက ကိုယ့်အမျိုးသားနေ့ကို မမေ့သေးဘူးဆိုတဲ့ဟာ ကျနော်တို့ သိရတဲ့အတွက် အရမ်းကျေနပ်ပါတယ်။ ပျော်လည်းပျော်ပါတယ်။ ”

အဆိုပါ ကယန်းအမျိုးသားနေ့အခမ်းအနားမှာ မိန့်ခွန်းပြောတာတွေ၊ အသင်းအဖွဲ့အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားတာတွေ၊ ကယန်းတိုင်းရင်းသားလူမျိုးထဲက ထူးချွန်သူတွေကို ဆုချီးမြှင့်တာတွေ၊ ကယန်းဘုံအက ဆုရတဲ့ အဖွဲ့တွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် အခမ်းအနားအပြီးမှာလည်း အခမ်းအနားတက်ရောက်လာသူတွေက ကယန်းဘုံအကကို ဝိုင်းဝန်းကကြတာတွေ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတက်ရောက်လာတဲ့ ကယန်းလူငယ်တစ်ဦးဖြစ်တဲ့ ခွန်းမာနွေးလယ်က ” ဒါ ကယန်းလူမျိုးရဲ့ စည်းလုံးညီညွှတ်မှုကို အဓိက စည်းရုံးပေးတဲ့ အမျိုးသားနေ့တစ်နေ့လည်းဖြစ်ပါတယ်။ တကယ်လို့ အမျိုးသားနေ့ မကျင်းပနိုင်ရင် ကယန်းလူမျိုးရဲ့ စည်းလုံးမှု၊ ညီညွှတ်မှုဟာ တဖြေးဖြေးကွာဝေးသွားမှာ ဖြစ်ပါတယ်။ အဲ့ကြောင့်မို့လို့ အင်မတန်မှ အရေးကြီးပါတယ် ဒီပွဲက” လို့ ဆိုပါတယ်။

ကယန်းအမျိုးသားနေ့ကို ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စည်စည်ကားကားမကျင်းပနိုင်ခဲ့တာ ၃ နှစ်ရှိသွားခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာလည်း အခမ်းအနားအကျဥ်းချုံးသာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

(၂၃) ကြိမ်မြောက်ကယန်းအမျိုးသားနေ့ကို ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့၊ နေပြည်တော်က ကယန်းလူမျိုးနေထိုင်ကြတဲ့ နေရာအသီးသီးမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့အပြင် ပြည်ပရောက် ကယန်းတွေကလည်း ကယန်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်တာတွေ ရှိပါတယ်။

ကယန်းအမျိုးသားနေ့ကို ၂၀၀၁ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ခုဆိုရင် (၂၃) ကြိမ်မြောက်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...