ရွှေကုက္ကိုမြို့ နှစ်ရက်တာတိုက်ပွဲအတွင်း BGF ဖက်မှ ၈၀ ကျော်သေဆုံးကြောင်း LBCSF ဗျူဟာစစ်ကြောင်း ထုတ်ပြန်

ရွှေကုက္ကိုမြို့ နှစ်ရက်တာတိုက်ပွဲအတွင်း BGF ဖက်မှ ၈၀ ကျော်သေဆုံးကြောင်း LBCSF ဗျူဟာစစ်ကြောင်း ထုတ်ပြန်
Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်း
Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြို့၌  ဧပြီ ၅ ရက်နှင့် ၆ ရက် နှစ်ရက်တာတိုက်ပွဲအတွင်း နယ် ခြားစောင့်တပ် BGF မှ ၈၅ ဦးကျော် သေဆုံးခဲ့ကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက ယနေ့ ဧပြီ ၆ ရက်ညနေပိုင်းက ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်နယ်မြေဖြစ်သည့် ရွှေကုက္ကိုဒေသ၊ ထီးဝါးပလော နှင့် ထီး ကော်ထောကျေးရွာများ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် နှင့် BGF တပ်များအား ဗိုလ်အယ်ဆေးဝါး ဦး ဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်း နှင့် တော်လှန်းရေးပူးပေါင်တပ်များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအတွင်း BGF စခန်းကုန်း ၅ကုန်းအား ဗျူဟာစစ်ကြောင်းမှ သိမ်းပိုက်ထားပြီး လက်နက် မျိုးစုံ ၇၅ လက်ကျော်ရရှိခဲ့ကာ ဆက်လက်တိုက်ခိုက်လျှက်ရှိကြောင်းလည်း ဖော်ပြထားသည်။

ယင်းတိုက်ပွဲကြောင့် လူဦးရေ ၈၀၀၀ ခန့်ရှိသည့် ဒေသခံတို့သည် နှစ်ရက်တာအတွင်း သောင်ရင်းမြစ် ဖြတ်ကူးကာ ထိုင်းနိုင်ငံဖက်အခြမ်းသို့ ထွက်ပြေးလာရကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တစ်ဦးက နိရဉ္စရာ ကို ပြောသည်။

‘’ကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်ထားတယ်၊ အခုညနေပိုင်းအထိ ဒုက္ခသည်တွေထပ်ရောက်လာကြလို့ စား သောက်နေထိုင်ရေးအတွက် ကျွန်တော်တို့ဆက်တိုက်ပို့ပေးနေရတယ်၊ ရာသီဥတုပူတော့ သောက်ရေ လည်း အများကြီးလိုအပ်နေတယ်၊ မဲဆောက်က မြန်မာတွေကလည်း လှူကြပါတယ်။’’

အဆိုပါကယ်ဆယ်ရေးစခန်းများကို ထိုင်းစစ်တပ်ဖက်က လုံခြုံရေးတာဝန်ယူထားပေးပြီး လာရောက် လှူဒါန်းမှုများကို ဝိုင်းဝန်းကူညီပေးနေကြောင်းလည်း ပြောသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...