ရခိုင်တွင် လွတ်မြောက်နယ်မြေများ ဆက်လက်ရရှိရန် ကြိုးပမ်းနေဟု AA ဒု-စစ်ဦးစီးချုပ်ပြော

ရခိုင်တွင် လွတ်မြောက်နယ်မြေများ ဆက်လက်ရရှိရန် ကြိုးပမ်းနေဟု AA ဒု-စစ်ဦးစီးချုပ်ပြော

ရက္ခိုင့်တပ်တော်(AA)၏ တော်လှန်ရေးခရီး ၁၄ နှစ်တာ ကာလအတွင်း ရခိုင်ဒေသအများအပြားကို ထိန်းချုပ်နိုင်ပြီး ဖြစ်သော်လည်း လွတ်မြောက်နယ်မြေများကို ယခုထက်ပိုမိုရရှိအောင် ကြိုးပမ်းနေသည်ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

“၁၄ နှစ်တာ ကာလတစ်ခုကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ အတိုင်းအတာတစ်ခုထိ ရရှိထားပြီးဖြစ်ပါတယ်။ တစ်ဖက်မှာ မလွတ်မြောက်သေးတဲ့ နယ်မြေတချို့လည်း ကျန်ပါသေးတယ်။ ကျနော်တို့က အဲဒီနေရာတွေကိုလည်း ဆက်လက်လွတ်မြောက်ဖို့အတွက် ရက္ခိတလမ်းစဉ်နဲ့အတူ ဆက်လက်ကြိုးစား ဆောင်ရွက်နေတယ်”ဟု ၎င်းကဆိုသည်။

ယနေ့(ဧပြီလ ၄ ရက်) ညနေ ၇ နာရီတွင် Online မှပြုလုပ်သည့် “ရက္ခိုင့်တပ်တော်(AA)၏ ဒုစစ်ဦးစီးချုပ် Dr. Nyo Twan Awng နှင့် လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ” အစီအစဉ်တွင် ကရင်နီအမျိုးသား တော်လှန်းရေးတပ် KNDF နှင့် ဆွေးနွေးစဉ် ဒေါက်တာညိုထွန်းအောင်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရခိုင်လူမျိုးတွေအနေနဲ့ ဒီလွတ်မြောက်နယ်မြေဆိုတဲ့ အရသာရော၊ လွတ်မြောက်နယ်မြေတွေကို အတိုင်းအတာ တစ်ခုထိ ရရှိခဲ့ပြီးဖြစ်ပါတယ်”ဟု ဒေါက်တာ ညိုထွန်းအောင်ကဆိုသည်။

ရခိုင်ပြည် မြောက်ပိုင်းတွင် မြို့ပေါ်နေရာများများမှလွဲ၍ အခြားနေရာအများအပြားကို ULA/AA က ထိန်းချုပ်ကာ တရားစီရင်ရေး၊ အခွန်ကောက်ခံခြင်းများအပြင် ကျန်းမာရေး၊ ပညာရေးနှင့် လမ်း၊ တံတားတည်ဆောက်ခြင်းများကိုလည်း လုပ်ဆောင်လာနေသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေကြသည့် မြန်မာ့ဆေးလောကသားများ၏ အခန်းကဏ္ဍ အရေးပါပုံများကို ရက္ခိုင့်တပ်တော်(AA) ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် Online မှတဆင့် မျှဝေဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လူသားချင်းစာနာမှုကို အခြေခံကာ ရခိုင်နှင့် ပလက်ဝဒေသတို့တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်က နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့သည်။

ရက္ခိုင့်တပ်တော်၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး မကြာမီတွင် တော်လှန်ရေးကာလ (၁၄)နှစ် ပြည့်တော့မည်ဖြစ်သည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...