ဒီပဲယင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေလို့ ကျေးရွာဆယ်ရွာက ပြည်သူတွေ ထွက်ပြေးနေရ

ဒီပဲယင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေလို့ ကျေးရွာဆယ်ရွာက ပြည်သူတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ် (၃) ရက်ဆက်တိုက်လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက် ကျေးရွာဆယ်ရွာက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၃၁) ရက်နေ့တည်းက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တက်လာတဲ့ Mi-35 ရဟတ်ယာဉ်(၁)စီးနဲ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် တောကျောင်း၊မှန်သာကြီး၊အင်တန်း၊ ဝဘာ၊ဘုရားထွက်၊ယင်းဒေး၊ကြည်နဲ့ လပ်တီး စတဲ့ကျေးရွာတွေကို လေကြောင်းကနေပစ်ခတ်တိုက် ခိုက်ခဲ့တဲ့အတွက် ဒေသခံ ထောင်နဲ့ချီထွက်ပြေး နေရတာပါ။

ဒါ့အပြင် မတ်လ(၂၇)ရက်နေ့ကလည်း စိုင်ပြင်-ဒီပဲယင်းလမ်းတလျှောက်ကို အင်အား (၁၀၀) ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် လေကြောင်းကနေ လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီလ(၂) ရက်နေ့မနက်ပိုင်းမှာ ထိတွေ့မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေရှိနိုင်ပေမယ့် အဝေးကပဲမြင်နေရတဲ့ အခြေအနေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့အဆိုအရ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ (၅) ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အမှုပေါင်း (၆၀) ကျော်ရှိနေပြီး အဲဒီဖြစ်စဉ်တွေကြောင့် အရပ်သား (၇၀၀) ကျော် အသက်ဆုံးရှုံး ထားပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ကလည်း စစ်တပ် အာဏာသိမ်းတဲ့ (၂) နှစ်အတွင်း နေအိမ်နဲ့ အဆောက်အဦးပေါင်း ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...