မယ်လဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၃ လုံးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့

မယ်လဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၃ လုံးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၃ လုံး ပျက်စီးပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိရှိရသည်။

မယ်လဒုက္ခသည်စခန်း ဇုန် B3B ရှိ နေအိမ်တစ်အိမ်တွင် ထွန်းထားသော ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အိမ်ရှင်ဖြစ်သူ အသက် ၃၀ ကျော်အရွယ် စောစိုးနိုင်သေဆုံးပြီး နေအိမ် ၃ လုံး မီးလောင်ကျွမ်းသွားခဲ့သည်ဟု စခန်းဥက္ကဋ္ဌဖြစ်သူ စောအောနက်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ဖြစ်စဉ်က သူအရက်တော်တော်မူးခဲ့ပုံရတယ်။ ဖယောင်းတိုင် မီးထွန်းပြီး အိပ်ပျော်သွားတာ။ အဲဒီမှာ မီးလောင်သွားတာပေါ့။ မီးလောင်တာ ၁ နာရီကြာကြာလောက်မှ မီးငြှိမ်းသတ်နိုင်တယ်။ အိမ်ရှင် စောစိုးနိုင်အပါအဝင် အိမ် ၃ လုံးပါသွားတယ်။ တစ်လုံးကတော့ တစ်ဝက်ပဲ လောင်သွားတယ်။ အိမ်နံပါတ် ၂၇၉၊ ၂၇၈၊ ၂၇၇ အိမ်တွေပါ။ ”ဟု ပြောသည်။

ထို့အပြင် အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ ယမန်နေ့တွင် ဒေသထိုင်း အာဏာပိုင်များက လာရောက်စစ်ဆေးမှတ်တမ်းတင်ထားမှုများ လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိတွင် မီးလောင်ကျွမ်းသွားခဲ့သော နေအိမ်များကို ပြန်လည် ဆောက်လုပ်ပေးရန် စခန်းတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်နေသည်ဟု စောအောနက်က ဆက်ပြောသည်။

မဲဆောက်မြို့ မြောက်ဘက် ၆၀ ကီလိုမီတာ အကွာအဝေးရှိပြီး လူဦးရေ ၃၀,၀၀၀ (သုံးသောင်း)ဝန်းကျင် နေထိုင်သည့် မယ်လဒုက္ခသည်စခန်းတွင် ယခုလို နွေရာသီ ကာလရောက်တိုင်း နှစ်စဉ်လိုလို မီးလောင်ကျွမ်းမှုဖြစ်ပွားလေ့ရှိသည်။

ထို့ကြောင့် စခန်းတွင်းနေထိုင်သူများအနေဖြင့် မီးသတိရှိရန် စခန်းတာဝန်ရှိသူများက အသံချဲ့စက်မှတစ်ဆင့် နေ့စဉ်လိုလို အသိပေးနှိုးဆော် လျက်ရှိသည်ဟု စခန်းဥက္ကဋ္ဌက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနှင့် ကရင်အနီအမှတ် ၁၊ အမှတ် ၂ ဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်းခန့် ခိုလှုံနေထိုင်လျက်ရှိသည်ဟု လူမှုအဖွဲ့အစည်းများ၏ ပြုစုထားသည့် စာရင်းအရသိရှိရသည်။

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...