မယ်ခါးထာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ဟု KNU ထုတ်ပြန်

မယ်ခါးထာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ဟု KNU ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် သံလွင်မြစ်ကမ်းဘေးရှိ မယ်ခါးထာ စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၈ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်က တက်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရှိသည်ဟု ကေအဲန်ယူ-မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဒဏ်ရာရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးထဲမှ (၅)ဦးမှာ သံလွင်မြစ်ကို ဖြတ်ကူးကာ တစ်ဖက်ထိုင်းနိုင်ငံသို့ လွတ်မြောက်သွားပြီး ယခုအချိန်တွင် ထိုင်းတော်ဝင် တပ်မတော်ဘက်မှ နီးစပ်ရာထိုင်းဆေးရုံတွင် ဆေးသွားရောက်ကုသပေးသည်ဟု မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၂၈ ရက်နေ့၊  နံနက် ၅နာရီဝန်းကျင်တွင် စတင်ပြီး ၄၅မိနစ်ကြာ မြင့်သည့် အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် MA-1၊ MA-2၊ RPG-7၊  ၆၀ မမစိန်ပြောင်း ၊ စက်လတ်နှင့် စနိုင်ဖာအပါအဝင်  စုစုပေါင်း (၂၃) လက်အပြင် ကျည်(၃၃၆၀)ထောင့်၊ ဆက်သွယ်ရေးစက်(၂)လုံး၊ စကားပြောစက်(၂) လုံး၊ ဖုန်း(၂)လုံးနှင့် အခြားသုံးဆောင်ပစ္စည်းအချို့ကို KNLA ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိကြောင်း မူတြော် ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် Force For Federal Democracy-FFD ပူးပေါင်းတပ်ဘက်မှ တစ်ဦးကျဆုံးရပြီး  (၈) ဦးဒဏ်ရရှိခဲ့ကြောင်းလည်း KNU ဘက်က ပြောသည်။

မယ်တရိထာ(ခေါ်) မယ်ခါးထာစစ်ကောင်စီစခန်းရှိရာနေရာသည် KNLA- ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀) အခြေစိုက်ရာ နေရာဖြစ်ပြီး ၁၉၉၅ ခုနှစ်၊ KNU ဗဟို ဌာနချုပ်- မာနယ်ပလော ကျဆုံးချိန်တွင်  စစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် သိမ်းယူထားသည့် KNLA စခန်းဟောင်းတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

မယ်ခါးထာစစ်ကောင်စီစခန်းအပြင် သံလွင်မြစ်ဘေးရှိ စခန်းများဖြစ်သည့် သီးမူးထာ စစ်ကောင်စီ စခန်းကိုလည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် KNLAဘက်က တက်ရောက်သိမ်းပိုက်ခဲ့သည့်အပြင် ၂၀၂၂ ခုနှစ်တွင်လည်း သံလွင်မြစ်ဘေးရှိ ကျောက်ညှပ်စခန်းကိုလည်း တက်ရောက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရှိရသည်။

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...