မဏိပူရ်ပြည်နယ်အစိုးရက မြန်မာစစ်ဘေးရှောင်များကို ယာယီကဒ်ထုတ်ပေးပြီး၊ စစ်ဘေးရှောင်စခန်းတည်ဆောက်ပေးမည်

မဏိပူရ်ပြည်နယ်အစိုးရက မြန်မာစစ်ဘေးရှောင်များကို ယာယီကဒ်ထုတ်ပေးပြီး၊ စစ်ဘေးရှောင်စခန်းတည်ဆောက်ပေးမည်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ထွက်ပြေးခိုလုံနေကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်များကို မဏိပူရ်ပြည်နယ်အစိုးရက ယာယီနေထိုင်ခွင့်ကတ်တွေထုတ်ပေးပြီး စစ်ဘေးရှောင်စခန်းကိုလည်းဆောက်လုပ်ပေးရန် စဉ်နေကြောင်း ကဘော်ချိုင့်ဝှမ်းဒေသ ဗမာပြည်ဒုက္ခသည်များကော်မတီ (Burma Refugee Committee Kabaw Valley (BRCK) ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ မဏိပူရ်အစိုးရ၏ ဆုံးဖြတ်ချက်အရ မြန်မာစစ်ဘေးရှောင်အရေးကိစ္စများဆောင်ရွက်ပေးရန် ဖွဲ့စည်းထားသောကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဝန်ကြီး ဦးလက်ပေါင် ဟောင်ကစ် ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာစစ်ဘေးရှောင်ပြည်သူများတွေ့ဆုံဆွေးခဲ့ကြရာတွင် ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်ဟု ကဘော်ချိုင့်ဝှမ်းဒေသ ဗမာပြည်ဒုက္ခသည်များ ကော်မတီ နာယက ဦးထန်းဆေး ကပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည်ဘဝကနေ နောက်တစ်ကြိမ် ပြေးနေရတဲ့၊ ပုန်းနေရတဲ့ ဘဝရောက်ခဲ့တာတော့ အင်မတန်မှ ဝမ်း နည်းစရာကောင်းခဲ့တယ်၊ သို့သော် ဒီနေ့ ဒီအချိန်မျိုးရောက်လာတာကတော့ ကျွန်တော်တို့ မြန်မာစစ်ဘေးရှောင် ပြည်သူ အားလုံးအတွက် အတိုင်းတာတစ်ခုအထိ ဝမ်းသာစရာဖြစ်တယ်၊ ဒီလိုမျိုး အခြေနေထိရောက်လာအောင် အဖက်ဖက်မှ ကူညီတိုက်တွန်းပေးကြတဲ့ ဆိုင်ရာဆိုင်ရာအားလုံးကိုလည်း ကျေးဇူးတင်တယ်" ဟု ဦးထန်းဆေးက ပြောသည်။

မဏိပူရ်အစိုးရအနေဖြင့် မြန်မာစစ်ဘေးရှောင်များအတွက် မြန်မာ-အိန္ဒိယ နယ်စပ်တစ်နေရာမှာ စစ်ဘေးရှောင်စခန်း တည် ဆောက်ပေးမှာဖြစ်ပြီး ယင်းအတွက် အိန္ဒီယငွေ ရူပီး သိန်း ၂၀ ထုတ်ပေးသွားမှာဖြစ်သည့်အပြင် ရေးရရှိရေး၊ အစား သောက်၊ ကျန်းမာရေး၊ ပညာရေးနှင့် စစ်ဘေးရှောင်များ၏ လုံခြုံရေးအတွက်လည်း တတ်နိုင်သရွေ့ ထောက်ပံ့ကူညီ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်များသည် ယာယီကဒ်နှင့်အတူ သတ်မှတ်ထားသည့် စစ်ဘေးရှောင်စခန်းမှာနေထိုင်ပါက လွတ်လပ်စွာ ပြည်နယ်အတွင်းသို့ သွားလာခွင့်ရှိမည်ဖြစ်သော်လည်း ယာယီကဒ်ရှိသည် ဖြစ်စေ စခန်းတွင်မနေပဲ အိမ်ဌားနေထိုင်ပါက ဖမ်းဆီးအရေးယူခံရမည်ဟုဆိုသည်။

ထို့အပြင် မဏိပူရ်ပြည်နယ်အတွင်း Foreigner Act နှင့် ဖမ်းဆီးခံရသူများအားလုံးကိုလည်း ယာယီနေထိုင်ရမည့် စစ်ဘေးရှောင်စခန်း တည်ဆောက်ပြီးချိန်တွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးလက်ပေါင် ဟောင်ကစ်က ပြောဆိုခဲ့ကြောင်းသိရသည်။

မဏိပူရ်ပြည်နယ်အစိုးရသည် မြန်မာနိုင်ငံက စစ်ဘေးရှောင်များကို ဖမ်းဆီးထောင်ချလေ့ရှိပြီး ယခုလက်ရှိမှာလည်း အင်ဖားမြို့အကျဉ်းထောင်မှာ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၇၀ ကျော်ရှိသည်ဟု သိရသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...