တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေ

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေ

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင်လမ်း ချောင်းနှစ်ပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တနင်္သာမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၂၈ ရက်နေ့ ညနေပိုင်းမှာ ချောင်းနှစ်ပေါက် ကျေးရွာအတွင်း ဝင်ရောက်လာတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်း ထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ မတ် ၂၉ ရက်နေ့ ညနေပိုင်းအထိ ဆက်လက်ပြင်းထန်နေပြီး အခြေအနေအသေး စိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တနင်္သာမြို့နယ်ရေဖြူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ချောင်းနှစ်ပေါက်၊ သိန်းခွန်နဲ့အင်းတော်ကျေးရွာက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့က ချောင်းနှစ်ပေါက်ရွာတံတားအနီး တိုးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။

တနင်္သာရီမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလာပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...