စစ်ကောင်စီနှင့် အပစ်ရပ် ၇ ဖွဲ့တွေ့ဆုံမှု ငြိမ်းချမ်းရေးအတွက် အလုပ်မဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များ ရှုမြင်

စစ်ကောင်စီနှင့် အပစ်ရပ် ၇ ဖွဲ့တွေ့ဆုံမှု ငြိမ်းချမ်းရေးအတွက် အလုပ်မဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များ ရှုမြင်

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ညှိနိူင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့သည် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် နေပြည်တော်၌  နှစ်ရက်တာ အလွတ်သဘောတွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးနေကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင်  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ဗိုလ်မှူးကြီး စဝ်စိုင်းငင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ စောမြရာဇာလင်း၊ မွန်ပြည်သစ်ပါတီ (NMSP)မှ နိုင်အောင်မငေး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) အဖွဲ့တို့မှ တာဝန်ရှိသူများ အားလုံးစုစုပေါင်း ၁၂ ဦး တက်ရောက်နေခြင်းဖြစ်သည်။

“အလွတ်သဘော ဆွေးနွေးညှိနိူင်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ဖယ်ဒရယ်အခြေခံမူများ စသည့် အကြောင်းအရာများကို ပထမနေ့တွင် ဆွေးနွေးခဲ့ကြသည်”ဟု အပစ်ရပ် NCA-S EAO အဖွဲ့က ယမန်နေ့ဆွေးနွေးချက်များကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ အပစ်ရပ်အဖွဲ့များနှင့် စစ်ကောင်စီတို့ တွေ့ဆုံနေခြင်းမှာ ငြိမ်းချမ်းရေးအတွက် အလုပ်မဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်သူများက သုံးသပ်ကြသည်။

“ဒီတွေ့ဆုံမှာ သူတို့ ဘာတွေဆွေးနွေးကြမယ် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆွေးပွဲ ဆိုတာကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်တယ်။ ဒါပေမယ့် တခြားမှာ တိုက်ပွဲတွေက အဆက်မပြတ်ဖြစ်နေတယ်”ဟု မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

လက်ရှိတွင် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ချင်း၊ မွန်၊ ကရင်၊ ကယား (ကရင်နီ)၊ ကချင် စသည့်ဒေသမှ မြို့နယ် ၂၇ ခုတွင် စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကောင်စီနှင့် EAOs၊ PDF ပူးပေါင်းအဖွဲ့များကြား လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်ကောင်စီသည် ၎င်းတို့နှင့် တိုက်ပွဲများဖြစ်ပွားနေသော အခြားအင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးခြင်းမရှိဘဲ၊ အပစ်ရပ်အဖွဲ့များနှင့်သာ ဆွေးနွေးနေမှုမှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုနိုင်ဘဲ ဟန်ပြသာဖြစ်နေကြောင်း နိုင်ငံရေးသမားတို့က သုံးသပ်နေကြသည်။

ယနေ့ မတ် ၂၉ ရက်နေ့ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အပစ်ရပ်အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

အဆိုပါ အပစ်ရပ် ၇ ဖွဲ့တို့သည် ယခင်ကလည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိသော်လည်း ယနေ့အချိန်ထိ တစုံတရာ ထူးခြားသည့်ရလာဒ်များ မတွေ့ရသေးပေ။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...