စလင်းမှာ စစ်ကောင်စီရွာလုံးကျွတ်မီးရှို့မှုကြောင့် ပြည်သူ (၃၀၀)ဝန်းကျင် ထွက်ပြေးနေရ

စလင်းမှာ စစ်ကောင်စီရွာလုံးကျွတ်မီးရှို့မှုကြောင့် ပြည်သူ (၃၀၀)ဝန်းကျင် ထွက်ပြေးနေရ
ဓာတ်ပုံ - People Defence Force Salin
ဓာတ်ပုံ - People Defence Force Salin

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီက ကင်းပွန်းခြုံကျေးရွာကို ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးမှုတွေကြောင့် ပြည်သူ (၃၀၀) ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၈) ရက်နေ့ မနက်အစောပိုင်းကစပြီး နေ့လည်ပိုင်းအထိ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ကင်ပွန်းခြုံကျေးရွာရဲ့ တစ်ဝက်လောက် မီးထဲပါသွားတဲ့ အခြေအနေဖြစ်နေတယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံ တွေအတွက် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ People Defence Force Salin ကသတင်းထုတ်ပြန်ထားပါတယ်။

အင်အား(၂၀၀) ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မင်းဘူးခရိုင်အမှတ်(၁) တပ်ရင်း - စလင်း၊ဆောတပ်ရင်း(၃)၊ပွင့်ဖြူ ပ.က.ဖ၊ မင်းဘူး ပ.က.ဖ၊စေတုတ္တရာ တပ်ရင်း(၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်သေဆုံးအခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိသေး ပါဘူး။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...