ဘီးလင်းမြို့နယ်တွင် သွားလာနေသည့်ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

ဘီးလင်းမြို့နယ်တွင် သွားလာနေသည့်ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) သထုံ-ဘီးလင်း အမြန်ကားလမ်းမကြီးဘေး ဒေါက်ရပ်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်တပ်စွဲနေသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့တွင် သွားလာနေသည့် လူငယ်၂ ဦးကို ပစ်သတ်သွားခဲ့သည်ဟု သိရသည်။

အဆိုပါကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သည် လမ်းမကြီးဘေးတွင် လမ်းလျှောက်ပြန်လာသည့် အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးကို ထိုစစ်ကောင်စီတပ်ဖွဲဝင်များမှ အကြောင်းမဲ့ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်ထားသည်။

အလားတူ ထိုနေရာတွင်ပင် လမ်းလျှောက်ပြန်လာသည့် ရွှေအင်းဒုံရွာနေ ဦးမြတ်သူနှင့် ဦးဘမောင်တို့ထံမှ ပါလာသည့် ဖုန်းတစ်လုံးနှင့် ငွေကျပ်(၅)သိန်းကိုလည်း အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ခြိမ်းခြောက်လုယူသွားခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ကာ ပစ္စည်းများ လုယူခြိမ်းခြောက်သည့် စစ်ကောင်စီတပ်ဖွဲ့သည် အမှတ်(၈) ခြေလျင်တပ်မှ အမည်မသိ တပ်သား (၄)ဦးနှင့် တပ်ကြပ်ကြီး မိုးဇက်တစ်ဦးပါဝင်သည်ဟု သိရကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းအပြင် ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်း ၃ ကြောင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ငှက်ပျောတောနှင့် ကရဝေးဆိပ်အပါအဝင် အနီးအနားရှိ ကျေးရွာမှ ဒေသခံများသည်လည်း တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ အခုက အဆိုးဆုံးက ကျိုက်ထိုမြို့နယ်ထဲမှာ။ ပြီးခဲ့တဲ့ မတ်လ ၂၅ရက်နေ့ ကတည်းက စစ်ကောင်စီတပ်တွေ အင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးလာတာကြားတော့ ဒေသခံတွေကလည်း အိမ်ပြန်မလာရဲဘူး၊ တောတောင်ထဲမှာ ဒီလိုပဲ လိုက်ရှောင်နေရတယ်။ ပြီးခဲ့တဲ့ အပတ်က ကရဝေးဆိပ်ရွာမှာ လက်နက်ကြီးကျတော့ လူထိခိုက်သေဆုံးတာရှိတယ် ။ ဒေသခံတွေက အခုထိ နေရပ်မပြန်ရဲသေးဘူး”ဟုကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့တွင်လည်း ကေအဲန်ယူ တပ်မဟာ(၁) ဖားအံမြို့နယ်ရှိ နယ်ခြားစောင့်တပ်- BGF ဗိုလ်တင်ဝင်းဦးဆောင်သည့် ညောင်ကုန်းစစ်ကောင်စီတပ်စခန်းမှ ကျုံခနကျေးနယ် တံတားဦးကျေးရွာထဲသို့ လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အတွက် အသက် (၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် (၆၆) နှစ်အရွယ် သီလရှင်တစ်ပါး ထိခိုက်သေဆုံးခဲ့သည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...