ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး ပစ်ခတ်နေတာ ဖြစ်ပြီး တစ်ကြိမ်ကို နာရီဝက်ခန့်ကြာအောင် ပစ်ခတ်နေတယ်လို့သိရပါတယ်။

နာရီဝက်ခန့်ပစ်ခတ်မှုကို ရပ်နားထားပေမယ့် မကြာခန ပြန်လည်ပစ်ခတ်နေတယ်လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်း ဒေသခံက ပြောပါတယ်။

“လက်နက်ကြီး ပစ်တာတော့ နေ့တိုင်းပဲ။ ဒီနေ့တော့မနက် ၉ နာရိီ လောက်က စပစ်တယ်။ တစ်မိနစ်ကို တစ်လုံး နှုန်းလောက်နဲ့ ပစ်နေတာ” လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ ဒေသခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို နံနက် ၁၁ နာရီမှာပြောပါတယ်။

မတ်လ ၉ ရက်နေ့ကတည်းက ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ဒီးမော့ဆိုအခြေစိုက် ခလရ ( ၁၀၂ ) တပ်ရင်းဟာ နေ့စဥ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး လူနေအိမ်တွေအများအပြား ထိခိုက်ပျက်ဆီးတာတွေ ရှိနေပါတယ်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...