စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ၉ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ၉ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိ ကြောင်လျှာကုန်းကျေးရွာထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရွာသားများက ကေအိုင်စီသို့ ပြောသည်။

ယနေ့မတ်လ ၂၃ရက်၊ နေ့လည် ၃နာရီဝန်းကျင်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ ၉၇ က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်သည့်အတွက်ကြောင်လျှာကုန်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲကာ ရွာသား ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

၎င်းက “ဒီနေ့တိုက်ပွဲဖြစ်တာမရှိဘူး။ စစ်ကောင်စီတွေရမ်းပစ်တာပဲ။ ရွာသား ၄ ဦးထိသွားတယ်။ သူတို့ (စစ်ကောင်စီ)တွေ ဘာသတင်းကြားလဲတော့မသိဘူး။ ကျနော်တို့တော့ဘာမသိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရရှိသူများတွင် ဦးထွန်းကြိုင်‌(ခေါ်)ဖားပဲ့ ( ၅၀)နှစ်၊ နော်ဖောဘော (၅၀)နှစ်၊ စောမင်း ထိုက်(၁၈)နှစ်နှင့် နော်တကြိုဖော(၉)နှစ်တို့ဖြစ်ပြီး ၎င်းဒဏ်ရာရရှိသူများကို ကော့ကရိတ်ဆေးရုံမှ ဖားအံဆေးရုံသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း ကြောင်လျှာကုန်းရွာခံများထံမှ သိရသည်။

“အားလုံးတော့ ဖားအံဆေးရုံပို့လိုက်ပြီး။ နော်‌ဖောဘောက ကျောဘက်မှာထိတာ ဒဏ်ရာပိုပြင်းတယ်။ သွေးထွက်လည်းများတယ်။ သူလည်း မူးနေတယ်၊ စိုးရိမ်ရတယ်"ဟု ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီပေးသူတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

အလားတူ  ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့‌အ‌ခြေစိုက် ၉၇ တပ်ရင်း ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသစ်ကုန်းကျေးရွာတွင် လူနေအိမ်အဆောက်အအုံနှင့် အိမ်မွးတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...