စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ရွာဝင်တစ်ရွာထွက် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးမှုများ လိုက်လံပြုလုပ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ရွာဝင်တစ်ရွာထွက် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးမှုများ လိုက်လံပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တစ်ရွာ ဝင်တစ်ရွာထွက်ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးမှုများ လိုက်လံပြုလုပ်ပြီး ဒေသခံ ပြည်သူ တစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံမြို့နယ်ရှိ ရွာနှစ်ရွာဖြစ်သည့် ညောပြင်ကျေးရွာနှင့်အောက်ကျောက်ဝပ်ကျေးရွာရှိ နေအိမ် များကို ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေလမ်းကြောင်းဖြင့် ဝင်ရောက်ကာ ကျေးရွာအတွင်းရှိ နေအိမ် စုစုပေါင်း ၁၅၀နီးပါးကို အကြောင်း မဲ့မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“စုစုပေါင်းကတော့ တစ်ရာ(အိမ်ခြေ)ကျော်တယ်။ တစ်ရွာလုံးနီးပါးပဲ သူတို့ရှို့သွားတာ။ ပြီးတော့ရွာက အသက်၂၀ အရွယ်လူငယ်တစ်ဦး ပစ်သတ်ခံထိတယ်။ သူတို့က ရွာခံပျူ(စကစ လက်အောက်ခံအဖွဲ့) တွေရှိတဲ့ရွာလည်း မီးရှို့တာပဲ။ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တွေရှိတဲ့ရွာဆိုရင် ပိုဆိုးတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုကို လုပ်ဆောင်သောကြောင့် မီးရှို့ ခံရသည့် ကျေးရွာများအပြင် အနီးအနားရှိ ကျေးရွာစုစုပေါင်း ၅ ရွာထက်မနည်း ကြောက်လန့် ထွက်ပြေးရပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရကြောင်း ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ  ပြန်ကြားရေးတာဝန်ခံတစ်ဦးက “အကုန်လုံး တောတောင် တွေထဲမှာပဲ နေထိုင်နေကြရတယ်။ လက်ရှိမှာလည်း စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လောင်းလုံမြို့အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို စစ်ကြောင်းထိုးနေတုန်းပဲ။ စစ်ရှောင်ပြည်သူတွေအတွက်က မြို့နယ်မှာရှိတဲ့တော်လှန်ရေး အင်အားစုတွေ အစွမ်းကုန်လုပ်ဆောင်နေပါတယ်။” ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် လက်အောက်ခံ အဖွဲ့အစည်းများ၏ လုပ်ရပ်များကြောင့် အရပ်သားနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ သည်ဟု တနင်္သာရီတိုင်း အခြေစိုက် လွတ်လပ်သောသုတေသနအဖွဲ့(Southern Monitor)၏ ဖော်ပြချက်များအရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရင်ကြီးရွာတွင် လူနေအိမ် (၉)လုံးနှင့် ပညစ်ကျေးရွာတွင် နေအိမ်(၄)လုံး မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်အ တွင်းရှိ တန်ဖိုးကြီး ပစ္စည်းများ၊ ဒေသခံများ၏ အိမ်မွေးတိရိစ္ဆာန်များနှင့် စားနပ်ရိက္ခာများ ကိုလည်း သယ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များ၏ ဖော်ပြချက်များအရ သိရသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...