စစ်ကောင်စီထံမှတ်ပုံတင်တဲ့ တိုင်းရင်းသားပါတီ ၁၂ ပါတီအထိရှိလာ

စစ်ကောင်စီထံမှတ်ပုံတင်တဲ့ တိုင်းရင်းသားပါတီ ၁၂ ပါတီအထိရှိလာ

စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁၇ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၉ ပါတီမှာတိုင်း ရင်းသားပါတီ ၁၂ ပါတီ အထိ ရှိတယ်လို့ သိရပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ ပါတီထဲမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီနဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီတို့ဟာ ကချင်ပြည်နယ်အတွင်း စည်းရုံးကြမှာပါ။

ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီနဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကတော့ ရခိုင်ပြည်နယ်အတွင်း စည်းရုံးကြမှာဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ ရှမ်းပြည်နယ်အတွင်း စည်းရုံးကြမှာပါ။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ကရင်ပြည်နယ်အတွင်း စည်းရုံးမှာဖြစ်သလို မွန်ညီညွတ်ရေးပါတီကလည်း မွန်ပြည်နယ်အတွင်း စည်းရုံးမှာဖြစ်ပြီး ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီကတော့ စစ်ကိုင်းတိုင်း အတွင်း စည်းရုံးမှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အင်အားကြီး တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုး သားပါတီကလည်း လာမယ့်အပတ်တွင်း ပြည်နယ်အဆင့် စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားမှုမှာ ပြည်ထောင်စုတဝန်း စည်းရုံးမယ့် ပါတီ ၇ ပါတီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာသာ စည်းရုံးမယ့်ပါတီ ၂၂ ပါတီ ရှိနေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အ ကျိုးပြု ကျောင်းသားများပါတီ၊ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာ ပြည်ထောင်စုတဝန်း စည်းရုံးကြမှာပါ။

ကျန်တဲ့ ပြည်မအခြေစိုက်နိုင်ငံရေးပါတီတွေကတော့ တိုင်းဒေသကြီးတစ်ခုအတွင်းမှာသာ စည်းရုံးကြမှာဖြစ်ပြီး ပါတီမှတ်ပုံတင်ခွင့်ကိုတော့ မတ် ၂၈ ရက်နေ့ နောက်ဆုံးထားလျှောက်ကြဖို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့အတွက် ၁၀ရက်သာ ကျန်ရှိတော့တာပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့် လျှောက်ထားကြဖို့နဲ့ မလျှောက်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်မယ်လို့ ပြဌာန်းထားပါတယ်။

မြန်မာနိုင်ငံမှာ တည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီရှိနေတဲ့အတွက် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော် မရှင်ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီဟာ သုံးပုံမှာ တစ်ပုံသာ ရှိနေသေးတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...