ရေဖြူလဝကရုံး မီးလောင်၊ အရပ်သားလေးဦး ဖမ်းဆီးခံရ

ရေဖြူလဝကရုံး မီးလောင်၊ အရပ်သားလေးဦး ဖမ်းဆီးခံရ

လုံခြုံရေးတင်းကြပ်ထားသည့် ထားဝယ်ခရိုင်၊ ရေဖြူမြို့ထဲက လူဝင်မှုကြီးကြပ်ရေးရုံး မီးလောင်ကာ ပျက်စီး မှုများ ရှိခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ဒေသခံ ၄ ဦးခန့်လည်း ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြော သည်။

မတ်လ ၁၅ ရက်နေ့၊ ည ၇ နာရီခွဲအချိန်ခန့်က သေနတ်ပစ်ခတ်သံ ၁၀ ချက်ထက်မနည်း ကြားရပြီးနောက် လဝက ရုံး မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ်အရွယ် အမျိုးသား တစ်ဦးက “မှောင်ကာစသာသာ ညဦးပိုင်းပဲရှိသေးတာ။ အလုပ်က အပြန် ရေချိုးပြီး ထမင်းစားနေတုန်း သေနတ်သံတွေ ကြားရတယ်။ ပြီးတာနဲ့ လဝကရုံး မီးလောင်နေတယ်လို့ အော်ပြောသံတွေ ပြေးလွှားနေသံတွေကြောင့် သိရတာ” ဟု ပြောသည်။

မီးလောင်မှုဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်က ပြည်သူ ၄ ဦး ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သော်လည်း ဖမ်းဆီးခံရသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတိအကျ မသိရသေးပေ။

မီးစလောင်ပြီး ၁၅ မိနစ်ခန့် အကြာတွင် ရေဖြူမြို့ အနောက်ဘက်ကမ်းမှ မီးသတ်ကား ရောက်လာပြီး မီးငြိမ်း သတ်ခဲ့ကြရာ ည ၉ နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု အနီးအနားက ဒေသခံများက ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် လဝကရုံး တစ်ထပ်ကွန်ကရစ် အဆောက်အအုံ တဆောင် မီးလောင်သွားသည်ဟု မြင် တွေ့ခဲ့သည့် ဒေသခံများက ဆိုသည်။

လဝကရုံးမီးလောင်မှု ဖြစ်ပွားသည့်အချိန်သည် ညပိုင်းအချိန်ဖြစ်သောကြောင့် ရုံးဝန်ထမ်းများ မရှိနေသည့် အတွက် လူသူထိခိုက်ဒဏ်ရာရရှိခြင်းမျိုး မရှိဘူးဟု မြို့ခံများက ပြောသည်။

မီးလောင်နေစဉ်အတွင်း လဝကရုံးထဲမှလည်း ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံအပြင် ရေဖြူမြို့ပေါ် တွင်လည်း သေနတ်သံများ ကြားခဲ့သည်ဟု အနီးအနားတွင် နေထိုင်သူများက ဆိုသည်။ မီးလောင်သည့်နေရာသို့ စစ်ကားများဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး အနီးအနားဝန်းကျင်တွင် စစ် ဆေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု လဝကရုံး အနီးနေထိုင်သူ ရပ်ကွက်သားများက ပြောသည်။ ထိုသို့ စစ်ဆေး မေးမြန်း ရှာဖွေမှုများ ပြုလုပ်ချိန် ဖမ်းဆီးခံရသူ ၄ ဦးခန့် ရှိသော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင် ထားသည်ကို မသိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလအတွင်းတွင်လည်း ရေဖြူမြို့နယ် လဝကရုံးအနီး ဗုံးပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ခဲ့ဖူး ပြီး ဇူလိုင်လတွင်လည်း လဝကရုံးအနီးရှိ မြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ပစ်ခတ်ဖောက်ခွဲခံရ ကာ မီးလောင်ပြာကျခဲ့ဖူးသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တွင် စစ်အုပ်စုတပ်၏ “၄၉၂၆ စစ်ဆင်ရေး”...
September 10, 2026
ချင်းပြည်၊ ပလက်ဝခရိုင်အတွင်း အခြေခံပညာ ၁၂ တန်း သင်ရိုး၌ ရခိုင်စာပေ အစားထိုး...
September 9, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်...
September 9, 2026
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...