စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ်ကျူးလွန်ခဲ့ပြီး လူ(၇၆၆) ဦးသေဆုံးခဲ့ တယ်လို့ NUG ထုတ်ပြန်

စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ်ကျူးလွန်ခဲ့ပြီး လူ(၇၆၆) ဦးသေဆုံးခဲ့ တယ်လို့ NUG ထုတ်ပြန်

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ဖော်ဝါရီလ(၁) ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ(၁၃) ရက်နေ့အထိ စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ် အထိ ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် ပြည်သူ (၇၆၆) ဦးသေဆုံးခဲ့ရတယ်လို့ NUG လူ့အခွင့် အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအဖြစ် ၂၀၂၁ ခုနှစ်က ဖြစ်စဉ်(၉)ကြိမ်ရှိပြီး ပြည်သူ (၁၄၇) ဦးသေဆုံးထားကာ ၂၀၂၂ ခုနှစ်မှာတော့ ဖြစ်စဉ်(၄၄) ကြိမ်မှာ ပြည်သူ(၅၁၅)ဦး နဲ့ ၂၀၂၃ ခုနှစ်မတ်လ(၁၃) ရက်နေ့အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၁၁) ကြိမ်မှာ ပြည်သူ (၁၀၃) ဦးသေဆုံးထားတာပါ။

အဲဒီထဲမှာ အမျိုးသား(၄၈၂) ဦး အမျိုးသမီး (၇၈) ဦးနဲ့ ခွဲခြားမရတဲ့သူ(၂၀၆) ဦးပါဝင်ပြီး အသက် ၆၀ အထက် သက်ကြီးရွယ်အို (၄၂) ဦးနဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၆၂) ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေထဲမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနန့်ပါကျေးရွာ ကို လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ (၈၀) သေဆုံးထားတဲ့ ဖြစ်စဉ်ဟာ အများဆုံးဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် ကြိုးပမ်းဆောင် ရွက်နေတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ ကို အမြဲလိုလို ပြုလုပ်နေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကြောင့် နိုင်ငံအဝှမ်းမှာ အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၃၁၂၄) ဦးအထိရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...