မင်းတုန်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ ထိခိုက်သေဆုံးရှိနိုင်

မင်းတုန်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ ထိခိုက်သေဆုံးရှိနိုင်

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးရှိနိုင်တယ်လို့ သရက်ခရိုင် တပ်ရင်း - (၄) က သတင်းထုတ်ပြန်ထားပါ တယ်။

ဒီနေ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်း ပုသိမ်-မုံရွာ ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီ (၅) မိုင် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး တပ်တွေက ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။

"သူတို့ကတော့အင်အားတိုးတယ် တိုးတယ်ဆိုတာလည်း မျှချတာပေါ့ ပြီးတော့ အစစ်အဆေး ပိုလုပ်တယ်။ ဖမ်းတာစီးတာတော့ မကြားသေးပါဘူး။အခုတိုက်ခိုက်တဲ့ ဂိတ်တွေက ဒုတိယ အကြိမ်တိုက်ခိုက်တာတွေပါ။" လို့ သရက်ခရိုင် တပ်ရင်း -၄ (Eagle Force) ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ဒီနေ့ တစ်ရက်တည်းမှာပဲ စပါးတန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်း ကုန်းကိုလည်း Drone (၂) စင်းနဲ့ ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေဖြစ်တဲ့ (၅) မိုင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုမှာတော့ အထိအခိုက်မရှိဘူးလို့ ဆိုထားပြီး စပါးတန်းကျေးရွာတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်တာတွေ ရှိပေမယ့် အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသ သရက်ခရိုင် တပ်ရင်း- ၄ (Eagle Force) ၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့နဲ့ ကျောင်းသားလက်ရုံး တပ် (S.A.F) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...