ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မျိုးစေ့ချပေးခဲ့တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဦးညွှတ်ဂုဏ်ပြုတယ်လို့ NUG သဝဏ်လွှာပေးပို့

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မျိုးစေ့ချပေးခဲ့တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဦးညွှတ်ဂုဏ်ပြုတယ်လို့ NUG သဝဏ်လွှာပေးပို့

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ မျိုးစေ့ချပေးခဲ့တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အမွေကို အလေးအနက်ထား ခံယူပြီး မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး သမိုင်း တလျှောက် ကျဆုံးခဲ့ကြရတဲ့ အာဇာနည်အပေါင်းကိုဦးညွှတ်ဂုဏ်ပြုတယ်လို့ NUG အစိုးရက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း(၃၅) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှမြောသတအောက်မေ့ သတိတရရှိနေပါကြောင်းနဲ့ အထိမ်းအမှတ်သဝဏ်လွှာပေးပို့ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။

လွန်ခဲ့တဲ့ (၃၅) နှစ်က ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို စစ်အာဏာရှင်တွေ သတ်ဖြတ်ခဲ့ပြီးနောက် ရဟန်ရှင်လူ ကျောင်းသားပြည်သူတွေ တရွေ့ရွေ့ခရီးဆက်နေတဲ့ ဒီမိုကရေစီခရီးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှာ စစ်ကောင်စီရဲ့ အာဏာရူးသွပ်မှုကြောင့် သမိုင်းတကျော့ပြန် အခြေ အနေပြန်ရောက်ခဲ့ရတယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ခေတ်အဆက်ဆက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးတို့အတွက် ပေးဆပ်ကြသူ တွေဟာ ထင်ပေါ်ကျော်ဇောသူဖြစ်စေ၊ အညတရသူရဲကောင်းဖြစ်စေ၊သူတို့ရဲ့ မိသားစုဝင်တွေ အားလုံးရဲ့ နစ်နာဆုံးရှုံးမှုအားလုံးကို လေးနက်စွာ ထပ်တူထပ်မျှစာနာပူဆွေးပြီး ပေးဆပ်မှုတိုင်း အတွက် အလဟဿမဖြစ်ခဲ့ဘဲ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံသားတိုင်း လူ့အခွင့်အရေးတွေ အပြည့်အဝ ရရှိစေရေး အတွက် ခရီးလမ်းတလျှောက် အုတ်မြစ်ကောင်းတွေအဖြစ် မှတ်ကျောက်တင်တည်ရှိနေမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်ဟာ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ လက်ချက်ကြောင့် သေဆုံးခဲ့ရပြီး အဲဒီအဖြစ်အပျက်ဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု ရဲ့ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်စေတဲ့ ကနဦးကျောင်းသားအရေးအခင်း တွေထဲက အရေးပါတဲ့ ကျောင်းသားလှုပ်ရှားမှုဖြစ်လာခဲ့တာပါ။

အဲဒီအခြေအနေတွေကြောင့် ဩဂုတ်လမှာ သမိုင်းဝင်ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာခဲ့ ပြီး တပါတီအာဏာရှင်စနစ်ပြုတ်ကျသွားခဲ့ရတာဖြစ်ပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...