တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး
ဓာတ်ပုံ- Pulaw PDF
ဓာတ်ပုံ- Pulaw PDF

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာအနီးမှာ မတ် ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင် စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့ဘက်ကို မောင်းနှင်းလာတဲ့ တပ်အင်အား ၆၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို မြိတ်ခရိုင်တပ်ရင်း(၂)၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ တနင်္သာရီ ပကဖနဲ့ကျွန်းစု ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်မှုမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအပြီး ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က ကားနဲ့တင်ဆောင်ပြီး တနင်္သာရီမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ တနင်္သာရီ ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပါတယ်။

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...