ရိက္ခာဖြန့်ဝေတဲ့ စစ်ကောင်စီစခန်းတစ်ခုကို KA ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး လက်နက်ခဲယမ်းရရှိ

ရိက္ခာဖြန့်ဝေတဲ့ စစ်ကောင်စီစခန်းတစ်ခုကို KA ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး လက်နက်ခဲယမ်းရရှိ

ရိက္ခာဖြန့်ဝေပေးနေတဲ့ ထိုင်း-ကရင်နီနယ်စပ် နမ့်ပန်ချောင်းအနီးက စစ်ကောင်စီရဲ့ ဟွေအမ်တပ်စခန်းကို ယမန်နေ့ မတ်လ ၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“တိုက်ပွဲတော့ဖြစ်တယ်။ အဲဒီ ဟွေအွမ်ပေါ့နော။ ၅၄တပ် စခန်းထိုင်တဲ့နေရာ ဟွေအွမ် အဲဒီ နန့်ပန် ချောင်းဘေးပေါ့နော။ အဲဒါဖြစ်ပါတယ်။ ဟုတ်တယ်။ ကျနော်တို့ KA ကွန်မန်ဒိုရဲ့ ကွန်မန်ဒို တပ်ဖွဲ့ ဝင်တိုက်တယ်လေ။ မနက် ၅ နာရီ ၆ နာရီလောက်ပေါ့။ ၆ နာရီကျော်ကျော်လောက် ဝင်တိုက်တယ်လေ။ ဝင်တိုက်တော့ မိနစ် ၂၀၊ ၃၀ လောက်ထင်တယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့ရှိခဲ့ရပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်တွေမှာ ၆၀ မမ ၁ လက်၊ စနိုင်ဘာ ၁ လက်၊ MA 1 ၁ လက်၊ MA 2 ၂ လက်၊ MA 4 ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ကုန်းပွိုင့်အမှတ် ( ၁၄၄၁ ) စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံးများပြားခဲ့သလို စစ်ကောင်စီရဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) က ထုတ်ပြန်ထားပါတယ်

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...