ဟားခါးမြို့တွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ခြေထောက်ဆုံးရှုံး

ဟားခါးမြို့တွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ခြေထောက်ဆုံးရှုံး

ချင်းပြည်နယ်၊ ဟားခါးထာရ်ရပ်ကွက်တွင် အသက် ၃၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး မတ်လ ၁ ရက်နေ့က မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မတ် ၁ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင်တွင် Khusilobo ဟု အမည်ရသော ဟားခါးမြို့ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် အမျိုးသမီး ၃ ဦး တောင်ယာမှ အပြန်လမ်းတွင် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ထိခိုက်ခြင်းမရှိကြောင်း သိရသည်။

မိုင်းထိသွားသော အမျိုးသမီးသည် ဟားခါးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဟားခါးထာရ် နေရာတစ်ဝိုက်သည် အဓိက အာလူးဖြစ်ထွန်းသည့်နေရာဖြစ်ပြီး အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် ဒေသခံများတောင်ယာသွားလေ့ရှိသည့် လမ်းဖြစ်သည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်များကျင်လည်ပြီး တခြားနေရာသို့ လက်နက်ကြီး ပစ်ခတ်လေ့ရှိသည့် နေရာဖြစ်သည်ဟု ဟားခါးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“နေ့တိုင်လိုလို စစ်သားတွေက ဆုတောင်းတောင် လက်ဝါးကပ်တိုင်ဘေးကနေ နေရာယူတယ် အဲဒီကနေ ထန်တလန်ဘက်ကို ခဏခဏပစ်ခတ်ကြတာ၊ သူတို့ လက်နက်ကြီးပစ်လိုက်ပြီဆို အဲမှာ ဖုန်တေထတာ မြင်ရတယ်” ဟု သူကပြောသည်။

ဟားခါးထာရ် ခရိုင်မီးသတ်နှင့် NLD ရုံးတွင်လည်း စစ်ကောင်စီတပ်သားများ နေ့တိုင်းလိုလိုရှိနေကြသည်ဟု သူက ဆက်ပြောသည်။

ဟားခါးမြို့တဝိုက်တွင် မိုင်းမတော်တဆမှုကြောင့် ထိခိုက်မှု မကြာခဏကြားနေရပြီး၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ဟားခါးမြို့အနီး ဟားခါး-ဂန့်ဂေါ်လမ်းတွင် အသက် ၆၀ နှစ်ခန့်ရှိသော သက်ကြီးပိုင်းတစ်ဦး ထင်းရှာထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...