လက်နက်မဲ့လူထုဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု လောင်းလုံ၌ပြုလုပ်ခဲ့

လက်နက်မဲ့လူထုဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု လောင်းလုံ၌ပြုလုပ်ခဲ့

စစ်ရေးအရ လှုပ်ရှားမှုများ နည်းလာသော်လည်း လက်နက်မဲ့ပြည်သူလူထုက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂၆ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် ဒေသခံအမျိုးသမီးများနှင့် လူငယ်အများစု ပါဝင်ကာ ပြုလုပ်ခဲ့ကြသည်။

ထိုလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(Democracy Movement Strike Committee) ၏ အဖွဲ့ဝင်အင်အားစုဖြစ်သည့် နှင်းဆီရောင်အမျိုးသမီး များသမဂ္ဂ(ထားဝယ်)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဆိုင်းဘုတ်များကိုင်ကာ ချီတက်ခဲ့ကြသည်ဟု သိရ သည်။

လက်ရှိအချိန်တွင် ပြည်သူလူထုသာ အဓိကကျသည့်အတွက် စစ်အာဏာရှင်ဆန့်ကျင်သည့် လက်နက်မဲ့ပြည်သူများ ပါဝင်နိုင်ရန် ယင်းလှုပ်ရှားမှုကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ တာဝန်ခံ ဦးမင်းလွင်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

ဦးမင်းလွင်ဦးက “အခုချိန်မှာ စစ်ရေးအရ ခပ်စိပ်စိပ်ဖြစ်တယ်။ ဒါပေမဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်တာ ပြည်သူလူထုက အဓိကကျတဲ့ အခြေခံ စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ် တယ်။ လက်နက်မရှိတဲ့လူထုက အမြောက်အများရှိတယ်။ လက်နက်မရှိတဲ့ လူထုတွေ ဒီတော်လှန်ရေးမှာ လက်တွေ့ကျကျ ပူးပေါင်းပါဝင်နိုင်ဖို့ လက်နက်မဲ့ပြည်သူလူထုတိုက်ပွဲ ဖော်ဆောင်ဖို့ လိုတယ်။ ဒါကြောင့် လက်နက်မဲ့တိုက်ပွဲကို ဖော်ဆောင်ဖို့ တောက်လျှောက်ကြိုးစားခဲ့တယ်။”ဟု ပြောသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် လက်နက်မဲ့လူထုလှုပ်ရှားမှုတွင် အခက်အခဲများနှင့် အမြင်မတူမှုများရှိနေသော်လည်း ယုံကြည်မှုဖြင့်သာ လုပ်ဆောင်နေကြောင်း ၎င်းလှုပ် ရှားမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“လက်နက်မဲ့လူထုတိုက်ပွဲက လမ်းပေါ်ထွက် ဆန္ဒပြတာတစ်ခုပဲ မဟုတ်ဘူး။ လူထုကြားမှာတော်လှန်ရေး အသိစိတ်တွေနိုးကြားနေဖို့ ပြည်သူ လူထုက ထိခိုက်မှုအနည်းဆုံးနဲ့

လက်တွေ့ကျကျ ပါဝင်နိုင်ဖို့ပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ(DMSC)သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့တွင် လူငယ်တစ်စုမှ ဖွဲ့စည်းခဲ့ပြီး ထားဝယ်မြို့တွင် စတင်လှုပ်ရှားခဲ့ကာ နယ်မြေလုံခြုံရေးအရ ကော်မတီ၏လှုပ်ရှားမှုကို ၂၀၂၁ခုနှစ်၊ မေလနောက်ပိုင်းတွင် လောင်းလုံမြို့နယ်သို့ ပြောင်းရွှေ့လှုပ်ရှားခဲ့ကြသည်။

Most read this week

ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...