ထိုင်းနိုင်ငံတွင် ရခိုင်အမျိုးသားသေဆုံးရုပ်အလောင်း ရေမြောင်းအတွင်းက တွေ့ရှိ

ထိုင်းနိုင်ငံတွင် ရခိုင်အမျိုးသားသေဆုံးရုပ်အလောင်း ရေမြောင်းအတွင်းက တွေ့ရှိ
သေဆုံးရုပ်အလောင်း (Prayun Noibuangam)
သေဆုံးရုပ်အလောင်း (Prayun Noibuangam)

သူ့အိတ်ထဲက “ကျနော် မြန်မာနိုင်ငံသား တစ်ယောက်ပါ။ ကျနော် လိပ်စာမရှိပါ။ စားစရာ နေစရာလည်း မရှိပါ။ စားစရာ နည်းနည်းကျွေးလို့ရမလား” စာတစ်စောင်တွေ့ရှိ

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ ဘန်လင်းမြို့နယ်ရှိ ရေမြောင်းအတွင်းကနေ ရခိုင်အမျိုးသားတစ်ဦး၏ သေဆုံးရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ထိုင်းဒေသ သတင်းဌာနများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများထံက သိရှိ ရသည်။

“သေဆုံးရုပ်အလောင်းဆယ်ယူပြီးတော့ သူ့အိတ်တွေ့တယ်လေ။ သူ့အိတ်ထဲက သူ့မှတ်ပုံတင်မှာ လူမျိုးက ရခိုင်လို့ ရေးထားတော့ ရခိုင်လူမျိုးပဲပေါ့။ အလုပ်မရှိ စိတ်ဓာတ်ကျပြီး သေတာလား။ ဘယ်လို သေတာလဲတော့ မသိရသေးဘူး”ဟု ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းလုပ်သား တစ်ဦးက ပြောသည်။

၎င်း သေဆုံးရုပ်အလောင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် ရေမြောင်း ဘေးနားကမ်းစပ်၌ မှောက်လျက်မျောနေသည်ကို အမျိုးသမီး တစ်ဦးက စတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။

သေဆုံးသူသည် ဘောင်းဘီတို၊ တီရှပ်အပြာရောင်ဝတ်ဆင်ထားပြီး လွယ်အိတ် (၁)လုံး လွယ်ထားကြောင်း သိရှိိရသည်။

လွယ်အိတ်အတွင်းမှ နိုင်ငံသားစစ်ဆေးရေးကတ်ပြားနှင့် အခြား ကတ်ပြား (၂)ခုကိုတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသားစစ် ဆေးရေးကတ်ပြားတွင် အမည် - မောင်သန်းရွှေ၊ အဖအမည် - ဦးမောင်ကျန်ထွန်း ၊ လူမျိုး/ဘာသာ - ရခိုင် /ဗုဒ္ဓဘာသာဟု ဖော်ပြထားကြောင်းတွေ့ရှိရသည်။

၎င်းအပြင် “ကျနော် မြန်မာနိုင်ငံသား တစ်ယောက်ပါ။ ကျနော် လိပ်စာမရှိပါ။ စားစရာ နေစရာလည်း မရှိပါ။ စားစရာ နည်းနည်းကျွေးလို့ရမလား၊ ထိုင်းစကားလည်း ကျနော် မပြောတက်ပါ။ ကျနော်ကို သနားပါ။ စားစရာနဲ့ ရေ ရနိုင်မလား”ဟု ထိုင်းဘာသာဖြင့်ရေးသားထားသည့် စာတစ်စောင်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်း ဒေသအာဏာပိုင်များမှ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး Nakhon Pathom ဆေးရုံသို့ ပို့ဆောင် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...