စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha တပ်ဖွဲ့ထံ အလင်းဝင်

စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha တပ်ဖွဲ့ထံ အလင်းဝင်
Chinland Defense Force-Hakha
Chinland Defense Force-Hakha

(တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်)

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ ၂၆၉ က တပ်သား ၂ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force-Hakha (CDF-Hakha) တပ်ဖွဲ့ထံ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အလင်းဝင်ပူးပေါင်းခဲ့သည်ဟု CDF-Hakha က သတင်းထုတ်ပြန်ထားသည်။

၎င်းစစ်ကောင်စီတပ်သားနှစ်ဦးတို့သည် MA3 တစ်လက်၊ MA1 တစ်လက်၊ ကျည်ဆံ ၆၇၄ တောင့်၊ ကျည် ကတ် ၉ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံးတို့နှင့်အတူ အလင်းဝင် ပူးပေါင်းလာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထန်တလန်မြို့ တိုက်ပွဲများတွင် အကျအဆုံးများနေသည့်အတွက် စစ်ကောင်စီတပ်၏ အောက်ခြေစစ် သားများ စိတ်ဓာတ်ကျနေပြီး ယခုလိုအလင်းဝင်လာခြင်းဖြစ်ကြောင်း CNF ပြောခွင့်ရသူ ဆလိုင်းထက်နီ က နိရဉ္စရာ ကို သုံးသပ်ပြောသည်။

“ လက်ရှိ မြေပြင်က စကစ တပ်ထဲမှာ အောက်ခြေအဆင့်စစ်သားတွေက စိတ်ဓာတ်ကျဆင်းမှုများနေ တယ်လို့ သိရတယ်၊ ဒါကြောင့်လည်း တိုက်ပွဲတွေကို ဝေဟင်သုံးလာတယ်လို့မြင်တယ်။’’

၎င်းစစ်ကောင်စီတပ်သား ၂ ဦးတို့ကို တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်ပြီး လုံခြုံသည့်နေ ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Hakha ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်ကလည်း ထန်တလန်မြို့မရဲစခန်းကို CNF နှင့် CDF-Hakha ပူးပေါင်းတပ် တွေ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး သေနတ် ၄၀ ကျော်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...
July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...
July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...
July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...