ဆိုင်းတောင် စစ်တပ်ကုန်းကို KIA၊ PDFက ဒရုန်းဖြင့် တိုက်ခိုက်

ဆိုင်းတောင် စစ်တပ်ကုန်းကို KIA၊ PDFက ဒရုန်းဖြင့် တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီစစ်တပ်ကုန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ည ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူများမှ သိရသည်။

ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာ ရပ်ကွက် ၂ အနီးရှိ စစ်ကောင်စီ စစ်တပ်ကုန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

”ညကသွားပစ်တာဟုတ်တယ်တဲ့ ၇၉ မမ တွေ၊ ပြီးပဒိန် လက်နက်တွေနဲ့သွားပစ်တာတဲ့ ဟိုဘက်က အကျအရှုံးတော့ရှိမယ်လို့သိရတာ သေချာစီစဥ်ပြီး သွားပစ်တာဆိုတော ညကြီးဆိုတော့ဘယ်လောက်ကျလဲ အတိအကျမသိရသေးဘူး”ဟုပြောသည်။

သွားရောက်ပစ်ခတ်မှုတွင် မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

သို့သော်လည်း နှစ်ဖက်ကျဆုံးမှု ရှိမရှိကို KNG အသေးစိတ်စုံစမ်းနေဆဲ ဖြစ်သည်။

ဆိုင်းတောင်စစ်တပ်ကုန်းသည် ယခုနောက်ပိုင်း မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းနှင့် အရပ်သားပြည်သူများကို ဝင်ရောင်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...