ပုလောမြို့နယ် ကဒဲကျေးရွာက နေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

ပုလောမြို့နယ် ကဒဲကျေးရွာက နေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် ဒေသခံနေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန် ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကဒဲကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကျေးရွာထဲမှာ အထိုင်ချကာ ဒေသခံနေအိမ်တွေကို မီးရှို့ခဲ့တာပါ။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကဒဲကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်ထွက်ခွာသွားခဲ့သလို ဒေသခံနေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

ကဒဲကျေးရွာကနေ ပြန်လည်ထွက်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ PDF စခန်းတည်ရှိရာ နေရာတွေကို စစ်ကြောင်းထိုးဖို့ စစ်ရေးပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်နိုင်လာနိုင်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

ကဒဲကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ PDF ရှေ့တန်းစခန်းတစ်ခုကို စီးနင်းနိုင်ခဲ့သလို သေနတ်တချို့၊ ကား၊ ယူနီဖောင်းတွေနဲ့ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းသွားခဲ့တာပါ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ကဒဲရွာတိုက်ပွဲအတွင်း PDF တွေ ထိန်းသိမ်းထားတဲ့ ဝန်ထမ်းတွေအပါအဝင် ၁၃ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုထားပေမယ့် PDF တွေကတော့ ကဒဲကျေးရွာမှာ သူတို့ထိန်းသိမ်းထားသူတွေ မရှိဘူးလို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်မှာ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို နှစ်ဖက်ထိခိုက်သေ ဆုံးတာတွေလည်း ရှိနေတာပါ။

Most read this week

ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...